ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီအကြို သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ၁၅၈၄၀ ထပ်မံစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်

 

ပဲခူး  ဇွန်   ၁၂


ပဲခူးတက္ကသိုလ်  ဧရိယာအတွင်း သစ်မျိုးစုံစိုက်ခင်း (စံပြသစ်တော စိုက်ကွက်) လေးဧကတွင် စီးပွား ရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊   ပျဉ်းကတိုး၊   ပိတောက်၊ သင်္ကန်း၊   တမလန်း  အစရှိသည့် သစ်မျိုး ၁၃ မျိုး၊ အပင် ၁၂၀၀ စုပေါင်း      စိုက်ပျိုးပေးခြင်းဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေ သည့် တက္ကသိုလ် ဆရာ  ဆရာမ များ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား   ကျောင်းသူများ အတွက် အနီးကပ်ဆည်းပူးလေ့လာ နိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ် ကြောင်း     ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတက္ကသိုလ်ဧရိယာ(စံပြ သစ်တောစိုက်ကွက်)    အတွင်း သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်အတွင်း   ကျင်းပစဉ်  ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်တောများအပါ အဝင် သဘာဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက် ပေးခြင်းသည်   လူသားအကျိုး စီးပွားအပြင်    နောင်အနာဂတ် အတွက် ကောင်းမွန်သောလူမှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သစ်တော သစ်ပင် များ၊   သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်     တည်တံ့ရေး အမျိုးသားရေး   တာဝန်တစ်ရပ် အနေဖြင့်    ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်    တပ်မမှူးနှင့် တာဝန်ရှိသူများက   သတ်မှတ် နေရာများ၌ သစ်ပင်များစိုက်ပျိုး ပေးကြပြီး လူမှုရေးအသင်းအဖွဲ့ များ၊   ပဲခူးတက္ကသိုလ်     ဆရာ ဆရာမများနှင့်      ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ ၏   သစ်ပင်စိုက်ပျိုးနေမှုများကို  ကြည့်ရှုအားပေးသည်။

 


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ၂၅ ပွဲ၊ သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ဇွန်လ နှင့်   ဇူလိုင်လအတွင်း   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ၂၆ ပွဲနှင့် သစ်ပင် ပေါင်း ၁၅၈၄၀    ထပ်မံစိုက်ပျိုး နိုင်ရန်         စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။ 


သတင်းစဉ်