ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

 

ပဲခူး   ဇူလိုင်  ၂၁


ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ ဧည့်ခန်းမ သို့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသနိုင်ရေးအတွက် KM   Healthcare   Myanmar Co.,  Ltd   မှ    ကျန်းမာရေး အထောက်အကူပြု   ပစ္စည်းများ လာရောက်လှူဒါန်းသည်။
ရှေးဦးစွာ KM Healthcare Myanmar  Co.,   Ltd  ၏ မန်နေဂျင်းဒါရိုက်တာက လှူဒါန်း ရခြင်းအကြောင်းကို  ပြောကြား ပြီး   ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်း များတွင်   အသုံးပြုရန်အတွက် PPE Level(1) ဝတ်စုံ အခု ၁၀၀၀၊ PPE Level(2) ဝတ်စုံ အခု ၁၀၀၀၊ ဦးထုပ်အလုံး ၁၀၀၀၀၊ နှာခေါင်း စည်းဘူး  ၁၀၀၀ တို့ကို လှူဒါန်း ပေးအပ်ရာ      တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ ဥက္ကဋ္ဌ    ဦးမျိုးဆွေဝင်း  လက်ခံ ယူကာ ဂုဏ်ပြု မှတ်တမ်းလွှာ         ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသ ကြီးအတွင်း   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများတွင်    လိုအပ်သော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန် အတွက် သင်္ဂဟဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း ၁၀၀၀ ကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌထံ  လာရောက် လှူဒါန်းကြောင်း   သိရသည်။               

တင်စိုး(ပဲခူး)