ပဲခူးတိုင်းဒေသကြီးအတွင်း အားကစားလေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ပဲခူး နိုဝင်ဘာ ၁၉


တိုင်းဒေသကြီးအတွင်း     အား ကစား အဆင့်အတန်း  တိုးတက် မြင့်မားစေရေးအတွက်  အလား အလာရှိသော   လူငယ်မျိုးဆက် သစ် အားကစားသမားများ ရှာဖွေ လေ့ကျင့်ပေးပြီး ခရိုင်နှင့် မြို့နယ် ပေါင်းစုံ  အားကစားပြိုင်ပွဲများမှ တစ်ဆင့်        တိုင်းဒေသကြီး လက်ရွေးစင်   အားကစားသမား များ ပေါ်ထွက်လာအောင် လူရွေး ချယ်ရေးစီမံချက်၊    စခန်းသွင်း လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင် ရေး    စီမံချက်များ   ရေးဆွဲ၍ သက်ဆိုင်ရာ အားကစားကော်မတီ များ၊ ဆပ်ကော်မတီများ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှုများ   ရရှိနိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပသည့်     တိုင်းဒေသကြီး အတွင်း  ကျန်းမာကြံ့ခိုင်ရေးနှင့် ကဏ္ဍအလိုက်  အားကစားထူးချွန် သူများ     ပေါ်ထွက်လာစေရေး အတွက်  တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအတွက် အားကစား လေ့ကျင့်ရေးနှင့်       ပြိုင်ပွဲသုံး အထောက်အကူပြု  ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံး       ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍ ဝန်ကြီးချုပ်က ထူးချွန်ထက်မြက်သော မျိုးဆက် သစ်    လူငယ်အားကစားသမား များ   မွေးထုတ်ပေးနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အား ကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် များ၊   တံခွန်စိုက်ဖလားများကို ကိုယ်စွမ်း ဉာဏ်စွမ်း     ရှိသမျှ ကြိုးစားရယူ   ဆောင်ရွက်ပေး ကြစေလိုကြောင်း     တိုက်တွန်း ပြောကြားသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးက  အား ကစားပစ္စည်းများ ဝယ်ယူရေးနှင့် မြို့နယ်အလိုက်   ပြန်လည်ဖြန့်ခွဲ ပေးမှု အခြေအနေများ ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က  ပဲခူး/တောင်ငူ/ ပြည်/သာယာဝတီခရိုင်များအတွင်းရှိ မြို့နယ်များအတွက်   အားကစား အထောက်အကူပြု   ပစ္စည်းများ နှင့်  ရုံးလုပ်ငန်းသုံးပစ္စည်းများကို  ခရိုင်အလိုက်  တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက်   ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ခင်းကျင်းပြသထား သည့် အားကစားအထောက်အကူ ပြုပစ္စည်းများ၊    ရုံးလုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း    သိရှိရသည်။ 


သတင်းစဉ်