ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

 

ပဲခူး   ဩဂုတ်   ၁၈


၂၀၂၂    ခုနှစ်     ပထမခြောက်လပတ်  လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့်     လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၏ လမ်းညွှန်     မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း    အစည်း အဝေးကို       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌    ယနေ့နံနက်ပိုင်း က ကျင်းပရာ  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးမျိုးဆွေဝင်း တက်ရောက်၍      ဌာနဆိုင်ရာ အလိုက်    အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များကို       ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 


ထို့နောက်  တိုင်းဒေသကြီး အဆင့်       တာဝန်ရှိသူများက လမ်းညွှန်ချက်များ    အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်  အခြေအနေ များ၊   လုံခြုံရေး၊   ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ   ကိစ္စရပ်များ၊   ဌာန ဆိုင်ရာများအလိုက်    ပူးပေါင်း ဆောင်ရွက်သွားမည့်     လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်  ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က  လိုအပ်သည်များ   ဖြည့်စွက် မှာကြားသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး အတွင်း    အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)  အချက်အလက် များအား    Software Program အတွင်း    ရာနှုန်းပြည့်ထည့်သွင်း ပြီးစီးမှု    ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်တက်ရောက်၍    ဂုဏ်ပြု အမှာစကား ပြောကြားသည်။

 


ထို့နောက်      လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက  လူဝင်မှုကြီးကြပ်ရေး နှင့်   ပြည်သူ့အင်အားဦးစီးဌာန၏ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး   လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက မြို့နယ်အလိုက်  အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)   အချက် အလက်များ  Software Program အတွင်း      ရာနှုန်းပြည့်အချိန်မီ ပြီးစီးနိုင်ရေး     ဆောင်ရွက်ခဲ့မှု အခြေအနေများကို     လည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပဲခူးတိုင်းဒေသကြီး      အတွင်း  အိမ်ထောင်စု  လူဦးရေ စာရင်း ပုံစံ (၆၆/၆)   အချက်အလက် များကို   Software Program    အတွင်း   ရာနှုန်းပြည့်     ပထမဆုံး ပြီးစီးခဲ့သည့်     သာယာဝတီခရိုင် အား  ဂုဏ်ပြုငွေကျပ်  ၁၅ သိန်း၊ ဒုတိယပြီးစီးခဲ့သည့်     ညောင်လေး ပင်ခရိုင်အား   ဂုဏ်ပြုငွေကျပ် ၁၀ သိန်းနှင့် ကျန်ခရိုင်လေးခုအား ဂုဏ်ပြုငွေကျပ်ငါးသိန်းစီနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ    ပေးအပ် သည်။ 

 


ပဲခူးတိုင်းဒေသကြီးအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ  (၆၆/၆) စုစုပေါင်း ၁၁၀၆၃၆၈ ခု ထည့်သွင်းခြင်းကို  ဇူလိုင် ၁၈ ရက် မှစတင်၍    ဌာနဆိုင်ရာ ဝန်ထမ်း ဦးရေ   ၇၈၈   ဦး၊    ကွန်ပျူတာ အလုံးရေ ၆၄၆ လုံးဖြင့်  ဆောင် ရွက်ခဲ့ရာ   ဩဂုတ် ၁၅ ရက်တွင် ရာနှုန်းပြည့်   ထည့်သွင်းပြီးစီးခဲ့ ကြောင်း နှင့် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲကာလတွင် ခရိုင်/မြို့နယ်များသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စုစုပေါင်းငွေကျပ် သိန်း၄၂၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။      

သတင်းစဉ်