
ပဲခူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၄ ခုနှစ် တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် တရားဓမ္မသဘင်ပွဲနှင့်ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တန်ခူး လပြည့်နေ့ ညနေပိုင်းအချိန်တွင် ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်အရ သံဃာအပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပဲခူးမြို့နယ်အတွင်းမှ သုံးဂိုဏ်းဝင် ကျောင်းတိုက်များရှိ သံဃာတော်အရှင်သူမြတ်အပါး ၅၀၀ အား ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြောင်း သိရသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ် ကြီး (၂၆၀၅) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား တန်ခူးလဆန်း ၁၀ ရက်မှ တန်ခူးလပြည့်ကျော် ၄ ရက်အထိ၊ မတ် ၃၀ ရက်မှ ဧပြီ ၈ ရက်အထိ ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိ သည်။ ညပိုင်းတွင် ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး၏အထွတ်သို့ ရတနာ ထီးတော်၊ ရတနာငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်တင်လှူပူဇော်ခြင်း အောင်ပွဲအထိမ်း အမှတ်အနေဖြင့် အဆိုပါစေတီရင်ပြင်တော်ပေါ်၌ အထူးတရားပွဲ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာ ပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ အရှင်ဉာဏိဿရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိ ဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာအရှင်ဉာဏိဿရ အရှင် သူမြတ်က “စေတီယပူဇာ” အမည်ရ နိဗ္ဗာန်ရောက် ကြောင်းတရားတော်အား ဟောကြားခဲ့ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆရာ တော်ကြီးအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး တို့က ပရိယတ္တိစာသင်တိုက်များမှ တရားနာ ကြွရောက်လာသည့် သံဃာတော်များအား နဝကမ္မ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)