ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်း အချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး

 

နေပြည်တော်  အောက်တိုဘာ ၂၉ 


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား  အောက်တိုဘာ ၂၈ ရက်  ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့ သဖြင့်   စာသင်ခန်းနှင့်  သင်ထောက်ကူပစ္စည်းများ  မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ   အောက်တိုဘာ  ၂၈  ရက်  ည   ၇   နာရီခွဲတွင် ရေတာရှည်မြို့နယ်   တခွဲကြဲကျေးရွာရှိ   အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက် ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှု     ဖြစ်ပွားကြောင်း သတင်းအရ    လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်   မီးသတ်တပ်ဖွဲ့ဝင်များက   မီးငြှိမ်းသတ်      ယာဉ်များဖြင့်   သွားရောက်   ငြှိမ်းသတ်ခဲ့ရာ   ၃၅  မိနစ်ခန့်အကြာတွင်  မီးငြိမ်းသွား ပြီး   မီးလောင်မှုကြောင့်   အဆိုပါ ကျောင်းအတွင်းရှိ    Grade-1၊ Grade-2၊ Grade-5   စာသင်ခန်း သုံးခန်း၊ ကျောင်းအုပ်ကြီး  ရုံးခန်း တစ်ခန်းနှင့်   အဆိုပါအခန်းများ အတွင်းထားရှိသည့်  သင်ထောက် ကူပစ္စည်းများဖြစ်သော   စာရေးခုံ ၂၅ လုံး၊  ထိုင်ခုံ   ၂၅   လုံး၊   ဗီရို  သုံးလုံးနှင့်     ရုံးသုံးစာရွက်စာတမ်း များ       မီးလောင်ပျက်စီးဆုံးရှုံးခဲ့ သည်။

 


ထိုသို့   ကလေးသူငယ်များ၏ ပညာသင်ကြားမည့် အခွင့်အလမ်း ဆုံးရှုံးစေရန်  ရည်ရွယ်ချက်များဖြင့်  စာသင်ကျောင်းကို    မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်      ဖမ်းဆီးရမိနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်