ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

 

ပဲခူး    ဧပြီ    ၂


ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့်    တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနတို့  ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ   အခြေခံအားကစား သင်တန်းဆင်းပွဲ       အခမ်းအနား ကို    ပဲခူးမြို့    တိုင်းဒေသကြီး အားကစားခန်းမကြီး၌   ဧပြီ ၁ ရက်  နံနက်ပိုင်းက    ကျင်းပရာ   တိုင်းဒေသကြီး     ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်း      တက်ရောက် ချီးမြှင့်သည်။


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က         နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်တွင်ပါရှိသည့် “နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌လူငယ်များအနေဖြင့် အဓိက  စွမ်းအားစုအဖြစ်    ပါဝင်နိုင်ရေး ဗလငါးတန်နှင့်      ပြည့်စုံသော လူငယ်များဖြစ်စေရန်   လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်လုပ်ငန်းစဉ်ကို    ဘက် ပေါင်းစုံမှ အလေးထားဖြည့်ဆည်း ပေးလျက်ရှိပြီး တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့်   နွေ ရာသီအခြေခံအားကစားသင်တန်း များဖွင့်လှစ်ခြင်းဖြင့်   ကျန်းမာ ကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြက်သော    အား ကစားလူရည်ချွန်များ  ပေါ်ပေါက် လာစေမည်ဖြစ်ကြောင်း၊  နွေရာသီ အခြေခံအားကစားသင်တန်းများ အောင်မြင်စွာ    ဖွင့်လှစ်နိုင်ခြင်း သည်   နိုင်ငံတော်အတွက်ရော မြန်မာ့အားကစားလောကအတွက် ပါ အကျိုးထူးများ မလွဲမသွေရရှိနိုင်မည်ဖြစ်သည့်အတွက် မိမိတို့၏  ရင်သွေးငယ်များ     တန်ဖိုးရှိသော လူတော်လူကောင်းများ    ဖြစ်လာ စေရေး  နွေ၊ မိုး၊ ဆောင်း  နှစ်လုံး ပေါက်   အားကစားသင်တန်းများ တက်ရောက်နိုင်ရေး အားပေးပံ့ပိုး သွားကြရန်နှင့်  အားကစားနည်း အလိုက်  တိုင်းဒေသကြီးကိုယ်စား ပြု လက်ရွေးစင်အားကစားသမားများဖြစ်အောင်ကြိုးစားပြီး  နိုင်ငံ့ လက်ရွေးစင်များ  ဖြစ်လာသည် အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းဆရာများ အတွက် ဂုဏ်ပြုငွေနှင့် ဘောလုံး၊ Fitness   Dance၊  ကရာတေးဒို၊  စားပွဲတင်တင်းနစ် သင်တန်းသား များအတွက်    သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင်သောင်းထိုက် က   ဘတ်စကက်ဘော၊   မြန်မာ့ သိုင်းနှင့်   တင်းနစ်သင်တန်းသား များအတွက်    သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး    ဦးမျိုးအောင် က   ကြက်တောင်၊ ဘော်လီဘော၊   ပြေးခုန်ပစ်    သင်တန်းသားများ အတွက် သင်တန်းဆင်းလက်မှတ် များကို လည်းကောင်း    ချီးမြှင့် ပေးအပ်ကြသည်။


ယင်းနောက် သင်တန်းသား သင်တန်းသူများက     အားကစား နည်းအလိုက်    သရုပ်ပြဖျော်ဖြေ တင်ဆက်ကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က သရုပ်ပြအားကစား သမားများအား   ဂုဏ်ပြုငွေများ ပေးအပ်သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)