
ပဲခူး နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီးအတွင်း ကျန်းမာကြံ့ခိုင်ရေးနှင့် ကဏ္ဍအလိုက် အားကစားထူးချွန်သူများ ပေါ်ထွက် လာစေရေးအတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစား အထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်း များကို ပဲခူးမြို့ရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ နိုဝင်ဘာ ၁၉ ရက်က ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍကို ယခင်ကထက် ပိုမိုအားပေးပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်း အားကစားအဆင့် အတန်း တိုးတက်မြင့်မားစေရေးအတွက် အလား အလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမား များ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှတစ်ဆင့် တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာ အောင် လူရွေးချယ်ရေးစီမံချက်၊ စခန်းသွင်းလေ့ကျင့် ရေးစီမံချက်၊ အောင်နိုင်ရေး စီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာ အားကစားကော်မတီများ၊ ဆပ်ကော် မတီများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှု များရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က အားကစားပစ္စည်းများ ဝယ်ယူရေးနှင့် မြို့နယ်အလိုက် ပြန်လည်ဖြန့်ခွဲပေးမှု အခြေအနေများ ရှင်းလင်းတင်ပြ ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူး/တောင်ငူ/ ပြည်/သာယာဝတီခရိုင်များအတွင်းရှိ မြို့နယ်များ အတွက် အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများကို ခရိုင်အလိုက် တာဝန် ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ပဲခူးတိုင်းဒေသကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အားကစားအောင်မြင်မှု အဆင့် ၆ မှ ၈ အတွင်း နှစ်စဉ်ရပ်တည်လျက်ရှိ၍ ယခုထက် ပိုမိုအောင်မြင်မှုများ ရရှိနိုင်ရန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ် တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၄၈၁၈၀၀ဝ ဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အထောက်အကူပြု အားကစားပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)