ပဲခူးမြို့တွင် အသံတိတ်သပိတ်နေ့ အပြင်မထွက် ဈေးမရောင်းကြခြင်းမှာ ထောက်ခံခြင်းပြသရာမဟုတ်ကြောင်း ပြည်သူများ ပြောဆို

 

ပဲခူး ဒီဇင်ဘာ    ၁၁


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဒီဇင်ဘာ ၁၀ ရက်က အသံတိတ်သပိတ်အဖြစ်  ဈေးဆိုင်များ မဖွင့်ခြင်း၊ လမ်းမပေါ်သွားလာမှု  မပြုလုပ်ခြင်းများသည်  အသံ တိတ်သပိတ်တွင်   ပါဝင်ခြင်း၊ အသံတိတ်သပိတ်ကို ထောက်ခံခြင်းမျိုးမဟုတ်ဘဲ မိမိတို့၏  အေးချမ်း တည်ငြိမ်နေသည့် မိသားစုဘဝ   ဖျက်ဆီးခံရမှုမှ ကင်းဝေးစေရန်ဖြစ်ကြောင်း      ပြည်သူအချို့က ပြောသည်။

 


ဒီဇင်ဘာ ၁၀ ရက်တွင် အသံတိတ်သပိတ် ပြုလုပ် ရန်   နိုင်ငံတော်အား  ဖျက်ဆီးလိုသူ   အကြမ်းဖက် မသမာသူများက   လူမှုကွန်ရက်စာမျက်နှာများတွင် ခြိမ်းခြောက်ရေးသားကာ အေးချမ်းစွာ နေထိုင်လိုသူ များအား  ဖိအားပေးလုပ်ဆောင်ခဲ့သည်။    ထိုသို့ ပြုလုပ်မှုများကြောင့် မြို့ရွာများတွင် လူသွားလူလာ နည်းပါးခြင်း၊ ဈေးဆိုင်များ ပိတ်ထားခြင်းမျိုးအချို့ ရှိခဲ့သော်လည်း    လိုအပ်သည့်     အသုံးအဆောင် ကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူ မရသည့်အခြေအနေမျိုးနှင့်  လမ်းမများတွင် လုံးဝ သွားလာမှုမရှိခြင်းမျိုး  မဖြစ်ခဲ့ကြောင်း   တွေ့မြင်ခဲ့ ရသည်။

 


ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်က  အပြင်မထွက် ကြသူများ၊ ဈေးဆိုင်ပိတ်ခဲ့ကြသူများအား  တွေ့ဆုံ မေးမြန်းကြည့်ရာတွင် အကြမ်းဖက်သူများ၊ မြို့ရွာ ပျက်စီးရန် လုပ်ဆောင်နေသူများ၏ လှုံ့ဆော်ပြောဆို မှုများအား ကျေနပ်လိုက်နာထောက်ခံခြင်းမျိုး လုံးဝ (လုံးဝ)  မဟုတ်ဘဲ   မိမိတို့၏     ဈေးဆိုင်များကို လာရောက်ဖျက်ဆီးမည့်အရေးမှ     ရှောင်လွှဲခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 


 ဒေါ်မူမူ(အမည်လွှဲ)
 ဈေးဆိုင်ပိုင်ရှင်တစ်ဦး


‘‘ကြောက်လို့ ဆိုင်ပိတ်ခဲ့တာမဟုတ်ပါဘူး။ PDF လို့ ခေါ်တဲ့သူတွေက ယူနီဖောင်းမရှိကြဘူး။ အဖျက် သမားကိုး၊ မတိကျမသေချာတဲ့   စွပ်စွဲချက်တွေနဲ့ ဒုက္ခပေးတတ်ကြတယ်။     ကိုယ့်ဆိုင်၊  ကိုယ့်စီးပွား၊ ကိုယ့်အသက်ရေရှည်ရပ်တည်နိုင်ဖို့ ရှောင်လွှဲခဲ့တာပါ။ ဆိုင်ဖွင့်တဲ့သူတွေလည်း ဖွင့်နေကြတာပါပဲ။ လမ်းမ ပေါ်မှာ သွားသူလည်းသွား၊  လာသူလည်းလာနေကြ တာပဲ။  ဆိုင်ပိတ်ကြသူတွေ၊    အပြင်မထွက်ကြတဲ့သူ တွေဟာ အသံတိတ်သပိတ်ကို    ထောက်ခံကြတာ မဟုတ်ကြဘူး။  စကားလုံးလှလှသုံးတာ၊   ပြည်သူတွေ ကို အကြောင်းမဲ့ခေါင်းစဉ်တပ်      သတ်ဖြတ်နေတာ၊ မြို့ရွာတွေကို မီးရှို့နေတာ၊ နောက်ဆုံးရလဒ်က  သူတို့ ပဲ ပြိုကွဲပျက်စီးဆုံးရှုံးမှာပါ။   ခေါင်းစဉ်အမျိုးမျိုးတပ် လုပ်နေတဲ့ သပိတ်တွေနဲ့ ခုလုပ်ခဲ့တဲ့   အသံတိတ် သပိတ်ကို လုံးဝ ထောက်ခံခြင်း မရှိပါဘူး။’’

 


ကိုနှင်းဝေ(အမည်လွှဲ)


‘‘ကျွန်တော်က ကယ်ရီဆွဲတယ်၊ ခရီးသည်တွေ နည်းတာပါ၊ လုံးဝအပြင်မထွက်၊   မသွားကြတာ မဟုတ်ဘူး။ သွားလာနေကြတာပါပဲ။ ကလေးကို လည်း ကျောင်းပို့ခဲ့တယ်၊ ကယ်ရီလည်း   ထွက်ဆွဲ တယ်၊  အခြေအနေတော့ ကြည့်ရတာပေါ့။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက    အကျိုးအကြောင်းရှင်းပြလို့ရပေမယ့် အကြမ်းဖက်  PDF တွေက နားမလည်ဘူး။  သူတို့နဲ့ အယူအဆမတူရင် ဒလန်ဆိုပြီး ဒုက္ခပေးတာ။ ဒီဇင်ဘာ ၁၀ ရက်  ဘာထူးလဲဆိုတော့    အိမ်ထဲမှာနေ တော့ ကိုဗစ်မကူးဘူးဗျာ၊ ဆိုင်တွေပိတ်တာကလည်း သူတို့ကို ထောက်ခံတာမဟုတ်ဘူးလေ၊   သူတို့ကို ထောက်ခံကြတယ်ထင်ရင် မှားမှာပေါ့။ အနာဂတ် ရှိတယ်လေ၊   အဲဒီအနာဂတ်ကို   လှပအေးချမ်းဖို့ ခဏတာမထွက်ကြတာ၊  ဒါပေမယ့် အလုပ်ရှိသူတွေ သွားနေတာပါပဲ။
ပြည်သူတွေ စိုးရိမ်စိတ်ဖြစ်အောင်  လုပ်နေတဲ့ သပိတ်စုံတွေ၊ ခုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်ကို လုံးဝ မထောက်ခံကြောင်း ပြောချင်ပါတယ်။’’

 


ဒေါ်ကျင်ပု(အမည်လွှဲ)
ဈေးသည်တစ်ဦး


‘‘အဒေါ်က ဈေးတော့လာတယ်၊  ဈေးမထွက်ဘူး။ ဈေးမထွက်တာ သူတို့ကိုကြိုက်လို့၊   ထောက်ခံလို့ မဟုတ်ဘူး။  ကိုယ့်ဆိုင်ကို   လာဖျက်ဆီးမှာစိုးလို့ လေ။ ကိုယ့်မှာ ဒီအလုပ်လေးနဲ့    မိသားစုစားဝတ် နေရေး ဖြေရှင်းနေရတာ။  ဖျက်ဆီးခံရလို့    ပျက်စီး သွားရင် မိသားစုဘဝတွေ ဒုက္ခရောက်မှာစိုးလို့  ဈေး မထွက်တာပါ။   သူတို့အဖျက်သမားတွေကတော့ ထင်မှာပဲ၊  သူတို့ကို ထောက်ခံတယ်လို့။ အဲ့ဒါမဟုတ် ပါဘူး။’’

 


ဦးဝေလင်း(အမည်လွှဲ)
ပြည်သူတစ်ဦး


‘‘အသံတိတ်သပိတ်တဲ့ဗျာ၊     လူတွေလမ်းပေါ် မထွက်နဲ့၊ ဈေးဆိုင်တွေမဖွင့်နဲ့၊ လမ်းပေါ်ယာဉ်မရှိနဲ့ ဘာညာ ဆော်သြလှုံ့ဆော်နေတယ်။ ကျွန်တော်တို့က တစ်နေ့လုပ် တစ်နေ့စား ဘဝလေ။ သူတို့က စားဝတ် နေရေး ဘာပံ့ပိုးလို့လဲ။ ကိုယ့်မိသားစုတွေထမင်းစားဖို့ ထွက်ရမှာပဲ။ လမ်းပေါ်မှာလည်း    သွားနေလာနေကြ တယ်။  အချို့ဈေးဆိုင်တွေလည်း ဖွင့်နေကြတယ်။ ကားတွေ  ဆိုင်ကယ်တွေလည်း သွားနေကြတာပဲ။ ပြည်သူတွေ အေးအေးချမ်းချမ်း   နေထိုင်လုပ်ကိုင် စားသောက်နေတာကို   နှောင့်ယှက်နေတာလို့ပဲ မြင်တယ်။ အဲဒီနေ့ ကျွန်တော်ကတော့ ပုံမှန်ပဲ၊  အပြင် ထွက် အလုပ်လုပ်တယ်။   မိသားစုစားရေးသောက် ရေးအတွက် ရှာဖွေတယ်၊ ဘာဖြစ်လဲ၊ ဘာမှမဖြစ် ဘူး။’’

 


ပဲခူးမြို့နယ်နည်းတူ    အခြားသောမြို့ရွာများ တွင်လည်း အဆိုပါနေ့က ဆိုင်မထွက်ကြသူများ၊ လမ်းပေါ် မထွက်ကြသူများသည် NUG, CRPH နှင့် PDF  တို့၏ ပြောဆိုမှုနှင့် လုပ်ရပ်များအား ထောက်ခံ ၍ မဟုတ်ကြဘဲ မိမိတို့၏ ဘဝနှင့်စီးပွားရေးလုပ်ငန်း များ ဖျက်ဆီးခံရမှု   မဖြစ်ပေါ်စေရေးအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း     ပြောဆိုသံများ ကြားသိခဲ့ရသည်။                        

ပြည်ငြိမ်းချမ်း