
ပဲခူး မတ် ၁၁
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော်အား နိုင်ငံ ကျော် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၀ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အား ယခင်နှစ်အတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမော ပြေနိုင်စေရေးနှင့် စုစည်းပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစု အသွင်သဏ္ဌာန်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ သင်္ကြန်အကျနေ့မှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေ ရေးဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ် များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခင်နှစ် အတိုင်း လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒိသာမဏ္ဍပ်များ လည်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့် ယိမ်း ခွဲခြားမရသဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူ များ သင်္ကြန်ယိမ်းယှဉ်ပြိုင်နိုင် ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ် အတွက်လည်း ၂၀၂၃ ခုနှစ် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပ နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံ ရေးနှင့် ပတ်သက်၍လည်း အထူး အလေးထား ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၃ ခုနှစ် မြန်မာ့ ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရေး ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေ အနေများကို လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများ၏ လုပ်ငန်းတာဝန် များကိုလည်းကောင်း ရှင်းလင်း တင်ပြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ပေးအပ်သည့် လုပ်ငန်း တာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။
တင်စိုး(ပဲခူး)