ပဲခူးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

ပဲခူး အောက်တိုဘာ ၇


၂၀၂၂ ခုနှစ်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်   အခမ်းအနားကို ယနေ့နံနက်ပိုင်းက            ပဲခူးမြို့  မြို့တော်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပေးပို့ သည့် ကမ္ဘာ့ဆရာများနေ့  အထိမ်း အမှတ်   သဝဏ်လွှာကို   တိုင်း ဒေသကြီး     သံယံဇာတရေးရာ        ဝန်ကြီး        ဦးတင်သိန်းက ဖတ်ကြားသည်။

 


ထို့နောက်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင်    ဗဟို အဆင့်ဆုရရှိသူ ငါးဦးအား တိုင်း ဒေသကြီး       တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊   တိုင်း ဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ၁၀ ဦးအား တိုင်း ဒေသကြီး    သယံဇာတရေးရာ ဝန်ကြီး ဦးတင်သိန်း၊ တိုင်းရင်း သားရေးရာဝန်ကြီး        ဦးစောလင်း အောင်နှင့်      တိုင်းဒေသကြီး       ဥပဒေချုပ်   ဦးခင်မောင်တင့်တို့က         ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍       ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသ ကြီး ပညာရေးမှူး၊ ညွှန်ကြားရေး မှူး   ဦးစိုးလွင်က   ဖတ်ကြားခဲ့ ကြောင်း သိရသည်။


ကိုတွတ်(ပြန်/ဆက်)