
နေပြည်တော် ဧပြီ ၂၈
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ် သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေး လုပ်ငန်းခွင် သန်လျင်ဘက်ခြမ်းသို့ ရောက်ရှိပြီး တံတားဦးစီးဌာမှ တာဝန်ရှိသူများ က တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက် ပြီးစီးမှုတို့ကို လုပ်ငန်းခွင်အတွင်း လိုက်လံ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်အား စက်လှေများဖြင့် ဖြတ်သန်း၍ Cable Stay Main Tower အမှတ် (၁)ဖြစ်သော ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု၊ P16,P17,P18,P19 နှင့် P20 တို့ တွင် လွန်းထိုးခြင်း(Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှု တို့ကို စစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေးတို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သာကေတ ဘက်ခြမ်းလုပ်ငန်းခွင် ရှင်းလင်း ဆောင်သို့ရောက်ရှိရာ တံတား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးကျော်ကောင်း ချို က တံတားဆိုင်ရာ အချက် အလက်များ၊ တံတားကြီးပြီးစီးပါ က ရရှိလာမည့် အကျိုးကျေးဇူး များ၊ လုပ်ငန်းများဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်ဆွေ က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ကောင်းမွန်ရေး သည် မိမိတို့၏ အဓိကတာဝန် ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ် ပြုစုပျိုးထောင်ပေးရန် လိုပါကြောင်း၊ တည်ဆောက်ရေး အပိုင်းတွင် အဓိကကျသည့် ဒီဇိုင်း ပညာရပ်များကို ဌာနရှိ ဝန်ထမ်း ဖြင့် တိုးတက်အောင်ဆောင်ရွက် ရန်လိုပါကြောင်း၊ ယခုတံတား တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင် ဆောင်ရွက်နေကြသော ဌာနမှ ဝန်ထမ်းအင်ဂျင်နီယာများ အနေဖြင့် အဆင့်မြင့်တံတား တည်ဆောက်ခြင်း နည်းပညာရပ် များကို လုပ်ငန်းခွင်မှ လေ့လာ သင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် မြင့်မားလာအောင် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်း ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်း ရေးတို့ ကို ဂရုပြုဆောင်ရွက် ကြရန် မှာကြားသည်။
ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃) တည်ဆောက် ပြီးစီးပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ် သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့ နည်း သက်သာလာမည်ဖြစ် သည်။ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းစတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ တံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု ၇၆ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်