ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်    ဒီဇင်ဘာ    ၂၁


နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် နိုင်မှုမရှိစေရေး   ဖော်ထုတ်ဖမ်းဆီးခြင်းများ နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဒီဇင်ဘာ ၁၂ ရက်တွင် ပဲခူးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့် (၁၉)နှစ် သည် ပဲခူးမြို့မှ ခရီးသည်တင်ယာဉ်လိုင်းဖြင့် မန္တလေးမြို့သို့ လိုက်ပါလာကြောင်း သိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၅၈)၌ ခန့်လင်းနိုင်(ခ)ကိုခန့်အား ဖမ်းဆီးရမိခဲ့သည်။


တရားခံ ခန့်လင်းနိုင် (ခ) ကိုခန့်၏ ထွက်ဆိုချက်အရ ပဲခူးမြို့တွင် ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ (၂၅)နှစ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့် (၂၂)နှစ်၊ ဇင်ဝင်းထွန်း (၂၅)နှစ်နှင့် အောင်ဇာထွန်း (၄၁)နှစ်တို့ လေးဦးကို ပဲခူးမြို့ ရပ်ကွက်ကြီး(၆)ရှိ အဆောင်၌ ပစ္စတိုတစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊    ယမ်းထုပ် လေးထုပ်၊ ဖုန်းမျိုးစုံ ခုနစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏     ထွက်ဆိုချက်အရ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၁) အနော်ရထာလမ်း၌      ဝင်းဇော်သိန်း(ခ)ဦးဇာ(၃၆)နှစ်၊ ညီဘုန်းအောင်(ခ)မာလ (၁၈)နှစ် တို့ နှစ်ဦးကို လက်လုပ်မိုင်း နှစ် လုံးဖြင့်လည်းကောင်း၊   ဘုရားကြီးမြို့ အမှတ်(၂) ရပ်ကွက်၌      စိုးမင်းထွန်း(ခ)မုတ်ဆိတ်(၂၉)နှစ်ကိုလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


တရားခံ မြတ်ကိုကိုလင်း(ခ) မင်းဘုန်း မဟာ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၁၃ ရက်တွင်   ပဲခူးမြို့နယ်   ထားဝယ်အင်း ကျေးရွာနေ ဖမ်းဆီးရန်ကျန် ဘိုဘိုအောင် (၃၂)နှစ်၏ နေအိမ်မှ လက်ပစ်ဗုံး တစ်လုံး၊ TNT ယမ်း သုံးတုံး၊ ယမ်းပြင်း ခုနစ်ထုပ်နှင့် ဖောက်ခွဲရေး       ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


ထပ်မံဖမ်းဆီးရမိ


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ  ဒီဇင်ဘာ ၁၄ ရက်တွင်   ပဲခူး PDF       အမည်ခံအကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဝင်း(၄၁)နှစ်ကို ဟင်္သာတမြို့နယ် မရိုးသောင်အုပ်စု      လယ်တီကျေးရွာ၌ လည်းကောင်း၊ ဟင်္သာတမြို့နယ် သင်္ဘန်း ကုန်းကျေးရွာအနီး လယ်ကွင်းအတွင်း၌ ဝေယံလွင်(ခ)ဂျာကြီး      (၂၅)နှစ်နှင့် အောင်မျိုးသူ (၄၁)နှစ်တို့        နှစ်ဦးကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ မြတ်ကိုကိုလင်း(ခ) မင်းဘုန်း မဟာ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၁၆ ရက်တွင်   ပဲခူးမြို့နယ်   ဂွေ့တန်းရှည် ကျေးရွာရှိ ဖမ်းဆီးရန်ကျန် မောင်ကျော်၏ နေအိမ်မှ AK-47 သေနတ် နှစ်လက်၊ ကျည် အိမ်နှစ်ခု၊ ကျည်မျိုးစုံ ၅၂ တောင့်နှင့် လက် ပစ်ဗုံးကိုးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


တရားခံများ၏      ထွက်ဆိုချက်အရ ဒီဇင်ဘာ ၁၈ ရက်တွင် ပဲခူးမြို့ ဗိုလ်ကုန်း ရပ်ကွက်  မာဃလမ်း၌  ကျော်လွင်(၆၄)နှစ်၊ မာလာမြင့်(၄၀)နှစ်၊ ထက်အောင်ကို (၁၇)နှစ်တို့ သုံးဦးကို   လက်လုပ်ဂက်စ် သေနတ် သုံးလက်၊  လက်လုပ်ဗုံး လေးလုံး၊ ဒီတိုနေတာများ၊   ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ၊      မူးယစ်ဆေးဝါးသုံးစွဲရာ တွင်    အသုံးပြုသည့်   ပစ္စည်းများနှင့် လည်းကောင်း၊   တရားခံ ထက်အောင်ကို ၏ ထွက်ဆိုချက်အရ ပဲခူးမြို့ ဗိုလ်ကုန်း ရပ်ကွက်၌ စည်သူကျော်(ခ)စည်သူ(၂၁)နှစ်နှင့် ကျော်ဇောဦး (၃၄)နှစ်တို့ နှစ်ဦးကို လည်းကောင်း၊     တရားခံ မာလာမြင့်၏ ထွက်ဆိုချက်အရ ပဲခူးမြို့ မြို့သစ်ရပ်ကွက် ဇောတိကာရုံ      ဘုန်းကြီးကျောင်းဝင်း အတွင်း၌ ထက်လင်းဦး(ခ)အိုဝမ်း (၂၇)နှစ်၊ ပြည့်ကိုကို(ခ)ကိုပြည့်       (၂၉)နှစ်နှင့် ရဲနောင်(၂၃)နှစ်တို့  သုံးဦးကို ပစ္စတို တစ် လက်၊ ကျည်အိမ် တစ်ခု၊ လက်ပစ်ဗုံး တစ် လုံး၊ ပွိုင့်-၃၈၀ ကျည် ၆၂ တောင့်တို့နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံအမျိုးသား ၁၈ ဦး၊ အမျိုးသမီး တစ်ဦး ပေါင်း ၁၉ ဦးတို့ကို လက်နက်ငယ်မျိုးစုံ လေးလက်၊ လက်လုပ် သေနတ် သုံးလက်၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်မျိုးစုံ ၁၂၄ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ခုနစ်လုံး၊ TNT ယမ်း သုံးတုံး၊ ယမ်းထုပ် ၁၁ ထုပ်၊ ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။


သင်တန်းများ တက်ရောက် 


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ မြတ်ကိုကိုလင်း (ခ) မင်းဘုန်း မဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့်၊ ဇင်ဝင်းထွန်း၊ စိုးမင်းထွန်း(ခ)မုတ်ဆိတ်နှင့် ပြည့်ဖြိုး အောင်(ခ)ကိုပြည့်တို့ ငါးဦးသည် KNLA တပ်မဟာ (၅) နယ်မြေ၌လည်းကောင်း၊ ထက်လင်းဦး(ခ)အိုဝမ်း၊ စည်သူကျော်(ခ)စည်သူ၊  ပြည့်ကိုကို(ခ)ကိုပြည့်၊  ရဲနောင် နှင့်  ဖမ်းဆီးရန်ကျန် ဟိန်းလေးတို့သည် KNLA တပ်မဟာ(၆)နယ်မြေ လေးကေ့ ကော်၌ လည်းကောင်း၊ ခန့်လင်းနိုင်(ခ)ကိုခန့်နှင့် ဇင်ဝင်းထွန်းတို့သည် TNLA တပ်မဟာ (၇) နယ်မြေ၌လည်းကောင်း အကြမ်းဖက်        ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ   တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ပဲခူး PDF အမည်ခံအကြမ်းဖက်  အဖွဲ့ကို   ဖမ်းဆီးရန်ကျန်   ဇေလတ် (NLD ပါတီ၊   ပဲခူးမြို့နယ်   အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း)က ဦးစီး၍ ဇွန် ၂၆ ရက်တွင် ဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့ ဦးဆောင်ကာ မြတ်ကိုကိုလင်း (ခ)မင်းဘုန်းမဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့်၊ သန့်ဇင်ဝင်း၊ ဇင်ဝင်းထွန်း၊ ဝင်းဇော်သိန်း (ခ)ဦးဇာ၊ ညီဘုန်းအောင်(ခ)မာလ၊ စိုးမင်း ထွန်း(ခ)မုတ်ဆိတ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ဝေယံလွင်(ခ)ဂျာကြီး၊ အောင်မျိုး သူ၊ သာထူး၊ မင်းမင်းသန့်၊ အောင်ပြည့်ဖြိုး၊ ထက်ဆက်ညွန့်၊ ရန်နိုင်၊ စည်သူဖြိုးတို့ဖြင့် လည်းကောင်း၊ ဟံသာဝတီ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို    အောက်တိုဘာ ၃၀ ရက်တွင်     ထက်လင်းဦး(ခ)အိုဝမ်း ဦးစီး၍ စည်သူကျော် (ခ)စည်သူ၊ ပြည့်ကို ကို(ခ)ကိုပြည့်၊    ရဲနောင်တို့နှင့်အတူ ဖမ်းဆီးရန်ကျန် ဖိုးစည်(ခ)သီဟဇော်တို့ ဖြင့်လည်းကောင်း      အသီးသီးဖွဲ့စည်းခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။



တရားခံများ၏   ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့် သန့်ဇင်ဝင်း၊ မြတ်ကိုကိုလင်း (ခ)မင်းဘုန်းမဟာ၊  ပြည့်ဖြိုးအောင်(ခ) ကိုပြည့်၊  စိုးမင်းထွန်း(ခ)မုတ်ဆိတ်နှင့် ပဲခူးမြို့နေ ဖမ်းဆီးရန်ကျန်  ကိုကျော်တို့ ငါးဦးသည် ရန်ကုန်မြို့နေ ဖမ်းဆီးရန်ကျန် နေလ၊    ပဲခူးမြို့နေ   ဖမ်းဆီးရန်ကျန် ကုလားကြီး၊ ကိုပိုင်၊ မြဝတီမြို့နေ ဖမ်းဆီး ရန်ကျန် ဂျိုကာ၊ ညောင်လေးပင်မြို့နေ ဖမ်းဆီးရန်ကျန် မစ်ကီတို့နှင့် ချိတ်ဆက်၍ မြဝတီမြို့မှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်/ ခဲယမ်းများကို ဂက်စ်အိုးများ အတွင်းထည့်၍ လည်းကောင်း၊ မော်တော် ယာဉ်အောက် ကြမ်းခင်းနှင့် တံခါးဘေး အံဝှက်များအတွင်း၌   လည်းကောင်း၊ စပါးသယ်ယာဉ်ဖြင့် စပါးအိတ်များအတွင်း ၌ လည်းကောင်း သိုဝှက်၍ ခရီးသည် တင်ယာဉ်၊      ကိုယ်ပိုင်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း  ဖော်ထုတ် သိရှိရသည်။
တရားခံ  ထက်လင်းဦး(ခ)အိုဝမ်း၏ ထွက်ဆိုချက်အရ မြတ်ကိုကိုလင်း(ခ) မင်းဘုန်းမဟာနှင့် ဖမ်းဆီးရန်ကျန် စိုးကြီး တို့သည်   ဘုရားသုံးဆူ  PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီး ရန်ကျန် ဦးကျော်ထံမှ သိမ်းဆည်းရမိသည့် ပစ္စတိုတစ်လက်နှင့် ပွိုင့် ၃၈၀ ကျည်တောင့် ၅၀ တို့ကို    ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် မျိုးကိုနှင့်  ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့်    ခန့်လင်းနိုင်(ခ)ကိုခန့်၊ မြတ်ကိုကိုလင်း(ခ)   မင်းဘုန်းမဟာတို့ နှစ်ဦးသည် လက်လုပ်မိုင်းများ ပြုလုပ်ပြီး ညောင်လေးပင်၊ ဒိုက်ဦး၊ ဝေါ၊ သနပ္ပင်နှင့် ကဝ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များသို့   ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ပဲခူးမြို့အတွင်း  အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်း ၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖောက်ခွဲမှုများအနေဖြင့်-
-    ဝေယံလွင်သည် မတ် ၁၄ ရက်တွင် ပဲခူးမြို့  မြဝတီဘဏ်သို့  လည်း ကောင်း၊ ‌မေ ၄ ရက်တွင်  ပဲခူးမြို့ ဟံသာဝတီဘောလုံးကွင်းကို လည်း ကောင်း၊ ဇွန် ၆ ရက်တွင်  ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ပဲခူးတိုင်း စည်ပင်သာယာရေး    အဖွဲ့ရုံးကို           လည်းကောင်း     လက်ပစ်ဗုံး 
ဖြင့် ပစ်ခတ်ခဲ့ကြောင်း။


    -    ဝေယံလွင်နှင့် အောင်ပြည့်ခန့် တို့ နှစ်ဦးသည် ဇူလိုင် ၄ ရက် တွင် ပဲခူးမြို့ စျေးပိုင်းရပ်ကွက် ရှိ    မြို့နယ်လျှပ်စစ်ရုံးနှင့် ဟံသာဝတီရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ပြီး       ရန်နိုင်နှင့် ဖမ်းဆီးရန်ကျန် ငြိမ်းချမ်းတို့ မှ  လုံခြုံရေးအဖွဲ့ဝင်များ၏ အခြေအနေကို   စောင့်ကြည့် ပေးခဲ့ကြောင်း။
    -    အောက်တိုဘာ ၂၀ ရက်တွင် စည်သူကျော်နှင့် ဖမ်းဆီးရန် ကျန်      အောင်ညီညီသွင်တို့ နှစ်ဦးသည် ပဲခူးမြို့ ဟံသာဝတီ ရပ်ကွက်ရှိ စည်ပင်သာယာရေး အဖွဲ့ရုံးကို   လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။


    -    နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီး ရန်ကျန် သီဟနောင်နောင်(ခ) နောင်နောင်သည်     ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်ရှိ ပြည်ခိုင် ဖြိုးပါတီဝင်  ဦးအောင်ဌေး၏ နေအိမ်ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။


    -    နိုဝင်ဘာ ၁၂ ရက်တွင် ရဲနောင် သည်  ပဲခူးမြို့  ဥဿာမြို့သစ်        ရပ်ကွက်ကြီး(၂)   အုပ်ချုပ် ရေးမှူးရုံးကို     လက်လုပ် မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။
    -    နိုဝင်ဘာ ၂၄ ရက်တွင် ဖမ်းဆီး ရန်ကျန် သီဟနောင်နောင်(ခ) နောင်နောင်သည်    ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်ရှိ မြို့ရိုးကုန်း ဟင်းသီးဟင်းရွက်ဈေးတန်း ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။


ပဲခူးမြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ၏    အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် အတွက် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်းများ ပြုလုပ်ခြင်းအား ဖမ်းဆီး ရန်ကျန် ဇေလတ် (NLD ပါတီ၊ ပဲခူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)က နောက်ကွယ်မှ ထောက်ပံ့၍ စေခိုင်းနေခြင်းဖြစ်ကြောင်း   ဖော်ထုတ် သိရှိရသည်။


အထက်ပါ  ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်  ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်   ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊  လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင် ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး    ပူးပေါင်းပါဝင်   ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်     သက်ဆိုင်ရာက မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားသည်။


သတင်းစဉ်