ဩစတြေးလျနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ  ၁၀၀၀၀၀ ကျော်ရှိလာ

 

ကင်ဘာရာ   စက်တင်ဘာ  ၂၈


ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ တတိယအကျော့နှင့် ရင်ဆိုင်နေရ စဉ်   ကိုဗစ် - ၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၁၀၀၀၀၀ ကျော်ရှိ လာပြီဟု သိရသည်။ 
စက်တင်ဘာ ၂၇ ရက်အထိ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၉၉၀၃၂ ဦးရှိပြီး စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် နောက်ထပ် ကူးစက် ခံရသူ ၁၇၀၀ ကျော် ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။  
ထို့ကြောင့် ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ ယခုအချိန်အထိ ကူးစက်ခံရသူပေါင်း ၁၀၀၀၀၀ ကျော်လွန်လာပြီဟု သိရသည်။ 
ဩစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဖြစ်သည့်  နယူး ဆောက်ဝေးလ်ပြည်နယ်    ဆစ်ဒနီမြို့တွင်   နောက်ထပ်ကူးစက်ခံ ရသူ ၈၆၃ ဦး ထပ်မံတွေ့ရှိခဲ့သည်။ 
ဇွန် ၁၆ ရက်မှစတင်ကာ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးသေဆုံးသူ ၃၁၆ ဦးရှိလာပြီဟု ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။  မဲလ်ဘုန်းမြို့တွင်လည်း နောက်ထပ်ကူးစက်ခံရသူ ၈၆၇ ဦး ရှိပြီး လေးဦးသေဆုံးခဲ့သည်။                                                  ဆင်ဟွာ