
ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ တရုတ်နိုင်ငံရှိ Guangzhou Marine Geological Survey , China Geological Survey, Ministry of Natural Resources ,the People’s Republic of China၊ ဖိလစ်ပိုင်နိုင်ငံမှ the Marine Science Institute University of the Philippines Diliman နှင့် ဗီယက်နမ်နိုင်ငံမှ Institute of Marine Environment and Resources, Vietnam Academy of Science and Technology တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ဒဂုံတက္ကသိုလ်မှ အိမ်ရှင်အဖြစ် ဦးစီးကျင်းပသည့် “The 4th International Conference on Substantial Scientific Collaboration of Ocean and Earth Science between Myanmar and China (SSCOE - 2021) Ocean and Earth Science ပညာရပ်ဆိုင်ရာ သုတေသနပူးပေါင်းဆောင်ရွက်ရေး ညီလာခံဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ဒဂုံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် Guangzhou Marine Geological Survey , China Geological Survey, Ministry of Natural Resources, the People’s Republic of China မှ Deputy Chief Geoscientist Dr.Gaowen He တို့က အွန်လိုင်းမှ Video Message ဖြင့် ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်းက အမှာစကားပြောကြား ပြီး ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်း မောင်က ကျေးဇူးတင်စကားပြောကြားကာ မြန်မာ နိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုန်ဟန်က ဘူမိဗေဒဆိုင်ရာ သိမှတ်စရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အဆိုပါ Ocean and Earth Science ပညာရပ် ဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်ရေးညီလာခံ ကို နိုဝင်ဘာ ၂၆ရက်အထိ Online – Offline (Hybrid)ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဘူမိဗေဒဘာသာရပ်နှင့် ဆက်စပ်ဘာသာရပ်များမှ ပြည်တွင်း ပြည်ပ စာတမ်းရှင်များက စာတမ်းပေါင်း ၁၅၆ စောင် ဖတ်ကြားကြမည်ဖြစ်ကြောင်း သုတေသနညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စိုးမိုးလွင်က ပြောကြားသည်။
သတင်းစဉ်