နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဧပြီ ၁

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။ ထိုသို့ ဆက်ကပ်လှူဒါန်း လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးခင်မောင်ကြည်နှင့် တာဝန် ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားခရိုင် အောင်စည်သာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားစားသောက် ဖွယ်ရာများကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်