နယ်စပ်ရေးရာဝန်ကြီးဌာနက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၁


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော် ကြီးကျောင်းများသို့  ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ 

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပအိုဝ်းဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် ဝန်ထမ်းများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၊    သုဝဏ္ဏသာမဏေကျော်    ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်းလွဲပိုင်းတွင်  ဟိုပုံးမြို့နယ်  စံဖူးကျေးရွာအုပ်စု လိုက်ပေးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း  ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။ 

သတင်းစဉ်