နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  စက်တင်ဘာ  ၂၈  


နယ်စပ်ရေးရာဝန်ကြီးဌာန နယ် စပ်ဒေသနှင့်  တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလဟယ်မြို့နယ်  ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်း၊ မြို့နယ် သာသနာရေးဦးစီးမှူး ဦးလှဝင်း နှင့် ဝန်ထမ်းများသည်  ယနေ့နံနက် ပိုင်းတွင်  နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  လဟယ်မြို့ သာသနာ့ ပါလ    ဘုန်းတော်ကြီးကျောင်း  ဆရာတော်ကြီးထံသို့  ဆွမ်းဆန် တော်၊  ဆီ၊  ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်     နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ    လဟယ်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် အခြားဘာသာရေးကျောင်း များသို့လည်း ဆွမ်း၊ ကွမ်း၊ အခက် အခဲမရှိစေရေးအတွက်     ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးကို    ဆက်လက်လှူဒါန်း ပေးအပ်သွားမည်    ဖြစ်ကြောင်း သိရသည်။     

သတင်းစဉ်