
နေပြည်တော် အောက်တိုဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) အတွင်းရှိ ဝါတွင်းကာလ၌ ဝါဆိုသံဃာတော်များအား ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် ဘုန်းတော်ကြီးကျောင်း များသို့ ဆန်၊ ဆီ၊ ကုလားပဲ အစရှိ သည်များကို ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် သာသနာရေးဦးစီး ဌာနမှ ခရိုင်သာသနာရေးမှူး ဦးမျိုးမင်းလတ်တို့သည် မိုင်းဆတ် မြို့နယ်ကျဒယ်ရပ်ကွက်ရှိ သဗ္ဗညု ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း သို့ ဆန်၊ ဆီနှင့် ကုလားပဲ စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက်ထောက်ပံ့ လှူဒါန်း ကြောင်း သိရသည်။
သတင်းစဉ်