နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်     ဧပြီ   ၂၇


နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြစ်ကြီးနားမှ ညွှန်ကြားရေးမှူး ဦးဇော်လှိုင်ဝင်း နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ခေမာသီဝံ ပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဣန္နောဘာသ ထံသို့  ဆွန်းဆန်တော်၊ ဆီ၊  ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်     ကချင်ပြည်နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း၊ ခက်ခဲမှုမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊   ဆား၊   ကုလားပဲများ   ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း  သိရ  သည်။                        

သတင်းစဉ်