
နေပြည်တော် ဖေဖော်ဝါရီ ၂၄
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(မုံရွာ)မှ ညွှန်ကြးရေးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် “ပဇ္ဇော တာရုံကျောင်းတိုက်” ဆရာတော် ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွား ရောက် လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေးကျောင်းများ သို့လည်း ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ကို ဆက်လက်လှူဒါန်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်