နယ်စပ်ရေးရာဝန်ကြီးဌာန လူငယ်သင်တန်းကျောင်းများ၌ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၅


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့်    လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး၊      ပြည်နယ်နှင့်  ခရိုင်ဦးစီးမှူးရုံးများ        ကွပ်ကဲမှု အောက်ရှိ       လူငယ်သင်တန်း ကျောင်း ၃၆   ကျောင်းတို့တွင်   (၇၄)နှစ်မြောက်   လွတ်လပ်ရေး နေ့အထိမ်းအမှတ်    အားကစား ပြိုင်ပွဲများကို     ကျောင်းသား ကျောင်းသူများအား  အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ (ကျား)၊    ခြင်းလုံးပြိုင်ပွဲ (ကျား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(မ)၊    လွန်ဆွဲ ပြိုင်ပွဲ (ကျား၊ မ)များကို  လည်း ကောင်း၊ တစ်ဦးချင်းပြိုင်ပွဲအဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊ မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား၊ မ)၊  အာလူးကောက်အပြေးပြိုင်ပွဲ (ကျား၊ မ)၊ မုန့်စားအပြေးပြိုင်ပွဲ (ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေး ပြိုင်ပွဲ(ကျား၊ မ)၊      သုံးချောင်း ထောက် အပြေးပြိုင်ပွဲ (ကျား၊ မ)၊ အမြင့်ခုန် (ကျား၊ မ)၊ အလျားခုန် (ကျား၊ မ) ဆန်ကောရွက်ပြေးပြိုင်ပွဲ (မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ(မ)၊   ခေါင်းအုံးရိုက်ပြိုင်ပွဲ  (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ (ကျား၊ မ) များ ကို   လည်းကောင်း   ကျင်းပရာ   ကျောင်းသား ကျောင်းသူ ၃၉၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

 


  ပိုမိုစည်းလုံးချစ်ခင်


အားကစားပြိုင်ပွဲများ  ကျင်းပ ပေးခြင်းဖြင့်         ကျောင်းသား  ကျောင်းသူများ စုပေါင်းဆောင်ရွက် တတ်သည့်စိတ်ဓာတ်၊   ကောင်း သော ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ် များ မွေးမြူပေးရေး၊ တိုင်းရင်းသား အချင်းချင်း      ပိုမိုစည်းလုံးချစ်ခင် လျက်   ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့်လူငယ်များ  ဖြစ်လာစေ ရေး၊ ကျောင်းနေပျော်ပြီး     ပညာ ရည်  မြင့်မား၍   စွမ်းရည်ပြည့်ဝ သော   မျိုးဆက်သစ်လူငယ်များ  ဖြစ်လာစေရေးနှင့်         ထူးချွန် သည့် လူငယ်အားကစားသမားများ    ပေါ်ထွန်းလာစေရေးတို့ အတွက်   အထောက်အကူပြုနိုင်ရေး   ရည် ရွယ် ကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။      

 
  သတင်းစဉ်