နယ်စပ်ရေးရာဝန်ကြီးဌာန စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းများ ဖွင့်လှစ်

နေပြည်တော်  နိုဝင်ဘာ   ၂၂


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန  ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း အောင်ပန်း၊ လပွတ္တာ၊  ပုဏ္ဏားကျွန်း၊ ဘားအံ တို့၌ စက်မှုလက်မှုပညာရပ်   သင်တန်း ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်း တွင်   အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။


ရှင်းလင်းတင်ပြ


အောင်ပန်း နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း၌    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လည်းကောင်း၊ လပွတ္တာ   နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း၌       ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က    လည်းကောင်း၊ ပုဏ္ဏားကျွန်း နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း၌      ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က လည်းကောင်း တက်ရောက် ၍    သင်တန်းဖွင့်အမှာစကားများပြော ကြားခဲ့ပြီး  ကျောင်းအုပ်များက သင်တန်း ဆိုင်ရာ     အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနား အသီးသီး သို့  သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး များမှ  အကြီးအကဲများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    သင်တန်းသားများနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းကျောင်း လေးကျောင်း တွင်  ဆောက်လုပ်ရေးသင်တန်းသို့ ၃၅ ဦး၊  လျှပ်စစ်သင်တန်းသို့ ၃၄ ဦး၊ ဂဟေ သင်တန်းသို့   ၄၀၊    မော်တော်ယာဉ် စက်ပြင်သင်တန်းသို့ ၆၂ ဦးနှင့် လက်ကိုင် ဖုန်းပြင်သင်တန်းသို့ ၁၅ ဦး၊ စုစုပေါင်း သင်တန်းသား ၁၈၆ ဦးတို့အား  ၂၀၂၁  ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ      ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်အထိ   ရက်သတ္တ၂၂ ပတ်ကြာ   ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ    ဖွင့်လှစ်  သင်ကြားပို့ချသွားမည်ဖြစ်ပြီး    သင်တန်းသားများ  နေထိုင်စားသောက် ရေးနှင့်  သင်တန်းသုံးပစ္စည်းများ   အခမဲ့ ထောက်ပံ့၍     သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းဆင်းပြီးပါက     အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။          

              
သတင်းစဉ်