
နေပြည်တော် စက်တင်ဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့ လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ကြိုတင်ကန့်သတ်ချက်မထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ထားရှိသည်။ ထိုသို့ဖိတ်ခေါ်ခဲ့မှုကြောင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးနိုင် ခဲ့ပြီး ဆက်လက်၍လည်း ဒုတိယအကြိမ်အဖြစ် အချို့ တိုင်းရင်းသားအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။ ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်
ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားမဝင် ကူးသန်းသွားလာမှု များ၊ မူးယစ်ဆေးဝါးနှင့် မှောင်ခို ပစ္စည်းများ သယ်ယူဖြတ်သန်း ခြင်းများ မရှိစေရေးနှင့် နယ်စပ် တစ်လျှောက် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အတွက် မြန်မာနိုင်ငံ နယ်ခြား စောင့် ရဲတပ်ဖွဲ့များက နေ့၊ ည မပျက် လုံခြုံရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အပေါ် AA အဖွဲ့များအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း များအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ရန် နှင့် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ခြင်းများ ဆောင်ရွက် လာခဲ့ပြီး ဩဂုတ် ၃၁ ရက် နံနက် ပိုင်းတွင် နှစ်နိုင်ငံနယ်ခြားမှတ်တိုင် အမှတ် ဘီပီ- ၄၀ ရှိ အင်အား အနည်းငယ်သာရှိသော နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ များအနေဖြင့် ရဲဝံ့စွန့်စားစွာ ခုခံတိုက်ခိုက်ခဲ့သော်လည်း AA အဖွဲ့၏ မတန်တဆများပြားသော အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် ရယူတိုက်ခိုက်ခဲ့ခြင်း ကြောင့် စခန်းအား လက်လွတ် ဆုံးရှုံးခဲ့ရကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံး ခဲ့ရသည်။
အဆိုပါစခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။
ပြည်သူများ စိုးရိမ်ထိတ်လန့်
နိုင်ငံတော် အစိုးရအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ် ကာလအတွင်း AA အဖွဲ့သည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးတို့ အတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ရက်စက်စွာတိုက်ခိုက် သတ်ဖြတ်လာမှုနှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားကာ ရရှိထားသော တည်ငြိမ်အေးချမ်းမှု ထိခိုက် ပျက်ပြားမည်ကို စိုးရိမ်ထိတ်လန့် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်