နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု/ပြည်နယ်) ရန်ပုံ‌ငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

 

လွိုင်ကော်      စက်တင်ဘာ   ၁


၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်  နယ်စပ် ဒေသဖွံ့ဖြိုးရေး  (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော    လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင် ကုမ္ပဏီ များအား အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပသည်။

 


အခမ်းအနားတွင်    ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး  ဦးသန့်ဇင်က အမှာစကားပြောကြားပြီး ကယား ပြည်နယ်    ပြည်တွင်းအခွန်များ ဦးစီးဌာနဦးစီးမှူး ဦးအောင်မြင့်က အခွန်ဆိုင်ရာ    ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာ ကြသည့်   ကုမ္ပဏီများက    အခွန် ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို     မေးမြန်း ဆွေးနွေးခဲ့ကြပြီး     ပြည်နယ် ပြည်တွင်းအခွန်များ    ဦးစီးဌာန ဦးစီးမှူးက   ပြန်လည်ရှင်းလင်းပြော ကြားသည်။

 


ယင်းနောက်  ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးသန့်ဇင်က တင်ဒါအောင်ကုမ္ပဏီများက    ဆောင် ရွက်လျက်ရှိသည့်      လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအပေါ် အကြံပြုချက်များအား Power Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကုမ္ပဏီ များက လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့်  အခက်အခဲများကို   တင်ပြ ဆွေးနွေးခဲ့ကြကြောင်း     သိရသည်။            

ကိုဇင်(လွိုင်ကော်)