
လန်ဒန် စက်တင်ဘာ ၂၃
ဉာဏ်ရည်တုနည်းပညာ(အေအိုင်) ကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင် ရန်အတွက် နိုင်ငံတကာ အသိုက် အဝန်းအား အတူတကွလုပ် ဆောင်ရန် ဗြိတိန် ဒုတိယဝန်ကြီး ချုပ်က တောင်းဆိုလိုက်သည်။
လန်ဒန်၌ နိုဝင်ဘာလတွင် ကျင်းပမည့် ပထမဆုံးအကြိမ် ဉာဏ်ရည်တုနည်းပညာလုံခြုံမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်မီ ဗြိတိန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် အိုလီဗာဒိုဒင်က စက်တင်ဘာ ၂၂ ရက်က ကျင်းပ သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဉာဏ်ရည်တုနည်း ပညာနှင့် ပတ်သက်၍ တောင်းဆို ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဉာဏ်ရည်တု နည်းပညာကို “ကမ္ဘာကြီးအတွက် အကြီးမားဆုံး သော ပြောင်းလဲမှုတစ်ရပ်” အဖြစ် ဒိုဒင်က ပြောကြားလိုက်သည်။ ရာသီဥတုပြောင်းလဲမှု၊ စားနပ် ရိက္ခာရှားပါးမှုနှင့် ကပ်ရောဂါများ အပါအဝင် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဆွေးနွေးခဲ့သည့် စိန်ခေါ်မှုတိုင်းကို ဖြေရှင်းရန် အတွက် ဉာဏ်ရည်တု နည်းပညာ (အေအိုင်)ကို အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြား တစ်ဖက်တွင်လည်း အလွဲသုံးစား လုပ်ခြင်းသည် အန္တရာယ်ကို ထောက်ပြခဲ့ပြီး ဖြစ်နိုင်ခြေ အဆိုးရွားဆုံး ခြိမ်းခြောက်မှုများမှာ ဇီဝလုံခြုံရေး အတွက် အန္တရာယ်များ၊ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် စက်ကိရိယာ များအပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံး နိုင်ခြင်းတို့ ကြုံတွေ့နိုင်ကြောင်း ဒိုဒင်က သတိပေးပြောကြားလိုက် သည်။
အင်န်အိတ်ချ်ကေ