NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- ရွှေမြို့ ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံတို့အား ဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်း

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ   ၃  ရက်
၁။    လျှပ်စစ်စွမ်းအား   ဝန်ကြီး ဌာနသည် ပြည်သူလူထု၏  လိုအပ်လျက် ရှိသော          လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့်   တိုးမြှင့်ထုတ်လုပ်နိုင်ရန်  စီမံဆောင်ရွက်လျက်ရှိပါသည်။  ထိုသို့ စီမံဆောင်ရွက်နေသော်လည်း     ယခု ကာလများတွင်        ပြည်သူလူထု၏ လိုအပ်ချက်ကို        လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့်  ထုတ်လုပ် ပေးနိုင်မှုကို အခြေခံ၍ မျှတစွာခွဲဝေခံစား ရရှိနိုင်ရန်  စီမံဆောင်ရွက်ဖြန့်ဖြူးလျက် ရှိပါသည်။
၂။    ထို့သို့        ဆောင်ရွက်နေသည့် ကာလတွင်   NUG   လက်ဝေခံ   PDF အမည်ခံ      အကြမ်းဖက်သမားများမှ ပြည်သူများ၏       လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို  ထုတ်လုပ်၊  ပို့လွှတ်၊  ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်း ဆိုင်ရာ      အခြေခံအဆောက်အအုံများ အား          ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက်ရှိရှိဖြင့်  ပြုလုပ်လျက်ရှိရာ ၂-၁-၂၀၂၃  ရက်နေ့တွင်   ဘီလူးချောင်း  ရေအားလျှပ်စစ်    ဓာတ်အားပေးစက်ရုံ များမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို  နိုင်ငံတော်          ဓာတ်အားစနစ်သို့ ပို့လွှတ်ပေး လျက်ရှိသည့် ၂၃၀  ကေဗွီ ဘီလူးချောင်း    (၂)   -    ရွှေမြို့ ဓာတ်အားလိုင်း၏       ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် အတွင်းရှိ တာဝါတိုင်    (၂)    တိုင်ကို     ထပ်မံ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂) တိုင်ပြိုလဲ ပျက်စီးခဲ့ပါသည်။ အဆိုပါ ဓာတ်အားလိုင်းမှာ      ယခုအကြိမ် အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါ တိုင်ပေါင်း (၁၈) တိုင် ဖျက်ဆီးခံခဲ့ရ သော်လည်း    လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေဖြင့်   အမြန်ဆုံးပြင်ဆင်နိုင် ရေးကို စီမံဆောင်ရွက်လျက်ရှိပါသည်။ 
၃။    အလားတူ     မန္တလေးတိုင်း ဒေသကြီး၊   ညောင်ဦးခရိုင်၊   ကျောက် ပန်းတောင်းမြို့သို့      ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသော      ပိန္နဲတော    ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား  ၁-၁-၂၀၂၃ ရက်နေ့၊ ၁၉:၅၃ နာရီအချိန် ခန့်တွင် NUG လက်ဝေခံ PDF အမည်ခံ  အကြမ်းဖက်သမားများမှ       ဗုံးဖြင့်   ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဓာတ်အားခွဲရုံရှိ  ပင်မထရန်စဖော်မာနှင့်     ဗို့အားတိုင်း ထရန်စဖော်မာတို့    ထိခိုက်ပျက်စီးခဲ့ရ ပါသည်။ အဆိုပါ ဓာတ်အားခွဲရုံ  ထိခိုက် ပျက်စီးခဲ့သဖြင့်     ဒေသခံပြည်သူများ    အမြန်ဆုံး   ဓာတ်အားရရှိရေးအတွက် ပြင်ဆင်မှုများ        ဆောင်ရွက်ခဲ့ရာ ၂-၁-၂၀၂၃ ရက်နေ့  ၁၇:၀၀  နာရီအချိန်၌   ပြင်ဆင်မှုများ ပြီးစီးခဲ့ပြီး ကျောက်ပန်း တောင်းမြို့သို့       ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ 
၄။    သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများမှ      ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့    လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးလျက်ရှိသည့်  လျှပ်စစ် ဓာတ်အားပေး   စက်ရုံများ၊  လျှပ်စစ် ဓာတ်အားလိုင်းများနှင့်   ဓာတ်အားခွဲရုံ များအား    ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၇) ကြိမ် ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ  လျှပ်စစ်စွမ်းအား  ဝန်ကြီး ဌာနအနေဖြင့်လည်း      လုံခြုံရေးအဖွဲ့ များနှင့်    ပူးပေါင်းကာ   ပြင်ဆင်ခြင်း လုပ်ငန်းများအား    ဆောင်ရွက်လျက် ရှိပါကြောင်း    သတင်းထုတ်ပြန်အပ်ပါ သည်။       
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန