NUG လက်အောက်ခံ FOEIM Online ပညာရေးစနစ်အပေါ် ဖော်ထုတ်တွေ့ရှိချက်များကို အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း

 

အကြမ်းဖက်   NUG   လက်အောက်ခံ  Free  Online  Education Institution Myanmar (FOEIM) Online ပညာရေး စာသင်ကျောင်းတွင်     နှစ်စဉ်  ကျောင်းဝင်ကြေးအဖြစ်  မူ/လယ်/ထက်  ၁  ဦးလျှင်  ထိုင်း  ဘတ်ငွေ  ၁၀၀၀/ ၂၀၀၀/ ၃၀၀၀  ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့် ကျောင်းအပ်နှံခဲ့ကြောင်းနှင့် NUG အသိအမှတ်ပြု ကျောင်း  ၆၂  ခု  ခွင့်ပြုထားသည်ဟု  ထုတ်ပြန်ကြေညာထားသော် လည်း  ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထား  များ   ဖော်ထုတ်တွေ့ရှိရပါသည်။  အဆိုပါ  Online  စာသင်ကျောင်း များ၏  ထောက်ခံချက်ဖြင့်လည်း  တက္ကသိုလ်၊  ကောလိပ် ကျောင်း များတွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန် ငွေကုန်မည့် အပြင်  အကြမ်းဖက်အဖွဲ့အစည်းမှ    တည်ထောင်ဖွင့်လှစ်ထားသည့်   FOEIM ကဲ့သို့  Online  စာသင်ကျောင်းများတွင် ကလေးများအား    ကျောင်းအပ်နှံပါက   ငွေကြေးလိမ်လည်မှုကြောင့်     ငွေကြေးဆုံးရှုံး သည်သာမက  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ  အရေးယူ ခံရမည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် သိရှိရန်မှာ FOEIM သည် အကြမ်းဖက် အားပေးထောက်ခံသည့်  Online  စာသင်ကျောင်းဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု   အထောက်အထားများ   ခိုင်လုံစွာပြသ နိုင်မှုမရှိခြင်း၊    ကျောင်းအခြေပြုတည်နေရာ    ပြသနိုင်မှုမရှိခြင်းနှင့် စနစ်တကျ  ဖွဲ့စည်းအုပ်ချုပ်မှုမရှိခြင်းတို့အား  ဖော်ထုတ်တွေ့ရှိရပါ သည်။ NUG မှ  ကျောင်းဝင်ငွေ၏  သုံးပုံတစ်ပုံအား ၎င်းတို့ထံ ပေးအပ် စေခဲ့ရာမှ FOEIM ကျောင်းသားလက်ခံရေး (ရုံးအဖွဲ့) အကြား သဘော ထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ငွေကြေးသုံးစွဲမှုစာရင်း ချပြရှင်းလင်း နိုင်မှုမရှိဘဲ ငွေကြေးလိမ်လည်မှုဖြစ်ပေါ်ခဲ့ရာမှ ကျောင်းအပ်နှံသူများ၏  အမည်စာရင်း  ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ FOEIM Online စာသင်ကျောင်းမှ  အချက်အလက်များ ပေါက်ကြားမှုမရှိစေ ရန်  Facebook Page ၊ Website နှင့် Telegram တို့မှ အာမခံချက်များ ပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံ ခဲ့သည့်   ကျောင်းသား/ သူ ၅၀၀ ၏ အမည်စာရင်းများ ပေါက်ကြားလာခဲ့သည်။ 
ထိုသို့ အမည်စာရင်းများ ပေါက်ကြားခြင်းကို အကြမ်းဖက် NUG ၏  Facebook  Page  မှ  တာဝန်ယူဖြေရှင်းပေးမှု  မရှိသည့်အပြင်    ၎င်းတို့၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး (ရုံးအဖွဲ့) တို့မှ ငွေကြေးလိမ်လည်သူ ၅ ဦး ဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍   ကျောင်းသားမိဘများအနေဖြင့်  ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင်  ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည် မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အရပါ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အစိုးရစာသင်ကျောင်း များနှင့်  အစိုးရအသိအမှတ်ပြု  စာသင်ကျောင်းများတွင်သာ  ကျောင်း အပ်နှံပညာသင်ကြားနိုင်ရေး အသိပေးထားကြောင်း သိရသည်။