
နေပြည်တော် အောက်တိုဘာ ၂၅
NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာ များမှ မတရားအနိုင်ကျင့်ဖမ်းဆီး ချုပ်နှောင်ထားသော အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် နိုင်ငံဝန်ထမ်း များ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပုလဲမြို့နယ် ဖလံပင်ကျေးရွာ မြောက်ယမားဆည်အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင် နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ်အနီး နယ်မြေခံတပ်ရင်းမှ အရာရှိဇနီးတစ်ဦး သည် အောက်တိုဘာ ၁၂ ရက်တွင် မုံရွာ မှ ကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့် ကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသဖြင့် ခင်ပွန်း၊ မိဘများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ ထိုသို့ အဆက်သွယ် ပြတ်တောက်မှု ကြောင့် အရာရှိဖြစ်သူအနေဖြင့် သက်ဆိုင်ရာ အထက်ဌာနသို့ တင်ပြခဲ့ရာ နယ်မြေအတွင်း အမာခံ သတင်းပေးများဖြင့် နယ်မြေသတင်းများကို စနစ် တကျ စုဆောင်းဖော်ထုတ်ခဲ့စဉ် နောက်ဆုံး ဆက်သွယ်မှုရရှိသည့် ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်နှင့် ရွှေလှန်ကျေးရွာတစ် ဝိုက်တွင် ဖမ်းဆီးချုပ်နှောင် ထားနိုင်ကြောင်း သုံးသပ်ပြီး အောက်တိုဘာလ ၁၉ ရက် နှင့်၂၀ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ရင်ပေါင်တိုင်နှင့် ရွှေလှန် ကျေးရွာတစ်ဝိုက်တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ၎င်းတို့ အခြေပြုစခန်း အပါအဝင် အလောင်းနှင့် လက်နက် ခဲယမ်းအချို့သာ သိမ်းဆည်း ရမိခဲ့ပြီး ဖမ်းဆီးခံထားသူများ၏ သဲလွန်စများရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
အန္တရာယ်ကင်းစွာကယ်တင်နိုင်
ဆက်လက်၍ ဖမ်းဆီးခံရသူ များ ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်းရှိ အမာခံသတင်း ပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထား သည့် အကြမ်းဖက်စခန်း၏ တည်နေရာ ထပ်မံဖော်ထုတ် ရရှိ သဖြင့် ကွန်မန်ဒိုအဖွဲ့ဖြင့် ထပ်မံ စီးနင်းခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ ဖမ်းဆီး ချုပ်နှောင်ထားသည့် အပြစ်မဲ့ အမျိုးသမီး ခုနစ်ဦး၊ ကလေးငယ်လေးဦး၊ အမျိုးသား ၁၅ ဦးအား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ပြန်လည် ကယ်တင်နိုင်ခဲ့သူများတွင် ခရီး သွားစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလ ၁၅ ရက်နှင့် ၂၂ ရက်တို့တွင် ဇီးဖြူကုန်းကျေးရွာ အိမ်ခြေ တစ်ရာကျော်အား အကြမ်းဖက် အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ် ဖမ်းဆီးခံရသူများ၊ တပ်မတော် သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့၊ အသက် ၂ နှစ်အရွယ်နှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် နှစ်ဦး တို့ပါဝင်ပြီး အချို့သည် ခုနစ်လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ် နှောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
ဆေးကုသမှုများ
ဆောင်ရွက်ပေး
ထိုသို့ ကယ်ထုတ်ရာတွင် ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖြင့် ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် သို့ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံ မှ အကြမ်းဖက်သမားအလောင်း အချို့နှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။ ၎င်းတို့ ဆုတ်ခွာ ထွက်ပြေးစဉ် ဖမ်းဆီးထားသူများ ထားရှိရာ အဆောက်အဦအား ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။
ထိရောက်စွာအရေးယူ
အပြစ်မဲ့ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်း ချုပ်နှောင် ဖမ်းဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံဝန်ထမ်းများကို အကျပ်ကိုင် ခြိမ်းခြောက်ချုပ် နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ် မှု (War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက် အကြမ်းဖက်မှုတိုက် ဖျက် ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ ဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု ( Counter-terrorism Action ) ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အများ ပြည်သူများအနေဖြင့် အကြမ်းဖက် အဖွဲ့၏ လုပ်ရှားမှုသတင်းများ ရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားရန် အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်