နတ်တလင်းမြို့နယ်တွင် လက်တွန်းထွန်စက်နှင့် တွဲဖက်သုံး မျိုးစေ့ချကိရိယာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

 

နတ်တလင်း     ဧပြီ     ၆


နတ်တလင်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လက်တွန်းထွန်စက်  နှင့်တွဲဖက်သုံး  မျိုးစေ့ချကိရိယာ  မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ သည်။

 


ရှေးဦးစွာ      နတ်တလင်းခရိုင်     စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက လယ်ယာမြေစနစ်တကျ  စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊  စိုက်ပျိုးစနစ်   မှန်ကန်စေရေးတို့ကိုပြောကြားခဲ့ပြီး   နတ်တလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး   ဦးမောင်ဌေးက  စပါး သီးနှံစိုက်ပျိုးနည်းများအကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် သာယာဝတီခရိုင်  စက်မှုလယ်ယာဦးစီးဌာန  ဦးစီးမှူး ဦးဝင်းသန့်က   လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး  ခြောက်တန်းသွား  မျိုးစေ့ချကိရိယာ အသုံးပြုခြင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး၊  စနစ်တကျလယ်ယာမြေဖော်ထုတ်ပေးခြင်းတို့ကို    ရှင်းလင်းပြောကြားပြီး   တက်ရောက်လာသော လုပ်ငန်းရှင်များ၊တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။                

 ဝေယံဖြိုး(ပြန်/ဆက်)