နတ်တလင်းခရိုင် တရားရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

 

နတ်တလင်း  ဩဂုတ်  ၃၁


ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် တရားရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက  မြို့မရပ်ကွက်   ဗိုလ်ရုံလမ်း  နတ်တလင်းမြို့နယ် တရားရုံးဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 


ရှေးဦးစွာ နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီက အမှာ စကားပြောကြားပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင် မောင်ဦး၊ သာယာဝတီခရိုင် တရားသူကြီး ဒေါ်မေစိမ့်စမ်း၊ နတ်တလင်း ခရိုင်​တရားသူကြီး ဒေါ်စန်းသိင်္ဂီ၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ကျော်ဦးတို့ကခရိုင်တရားရုံး ဆိုင်းဘုတ်ကို စိုက်ထူ ပေးခဲ့ပြီး  အဆိုပါဆိုင်းဘုတ်အား  အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့သည်။

 


နတ်တလင်းခရိုင်တရားရုံးအနေဖြင့် နတ်တလင်းမြို့နယ်၊ ဇီးကုန်း မြို့နယ်၊ ပေါင်းတည်မြို့နယ်၊  သဲကုန်းမြို့နယ်တို့၌  ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်   တရားမမှုများကို    စစ်ဆေးစီရင်သွားမည်ဖြစ်ပြီး စက်တင်ဘာ  ၁  ရက်နေ့မှစ၍   တရားစီရင်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါအခမ်းအနားသို့  နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သာယာဝတီခရိုင်တရားသူကြီး၊ နတ်တလင်းခရိုင်တရားသူ​ကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နတ်တလင်းမြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ နတ်တလင်းခရိုင်အတွင်းရှိ   မြို့နယ် လေးမြို့နယ်မှ မြို့နယ် တရားသူကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။                             

ဝေယံဖြိုး(ပြန်/ဆက်)