နတ်မောက်မြို့ ယာယီစျေး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်

 

နတ်မောက်  နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ယာယီစျေးအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့နံနက် ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များက ယာယီစျေးဆောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှုသည်။

 


ကွင်းဆင်းကြည့်ရှုရာတွင်    တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး  ဦးအောင်ချိန်၊  မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး  ဦးထင် အောင်၊ ဒုတိယအင်ဂျင်နီယာမှူး    ဦးဝင်းမိုးထိုက်တို့ က     စျေးရပ်ကွက်ရှိ    မြို့မစည်ပင်သာယာရေး စျေးအတွင်း   မီးလောင်မှုဖြစ်ပေါ်ခဲ့သည့်  အခြေ အနေနှင့် စျေးပြန်လည်တည်ဆောက်မည့် အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီး တောင် ဘက်ကွင်းပြင်တွင် ယာယီစျေးဆိုင်ခန်းများ တည် ဆောက်နေမှုကို  ကြည့်ရှုပြီး   တိုင်းဒေသကြီးဝန်ကြီး က စျေးသူစျေးသားများ ယာယီစျေးသို့ အမြန်ဆုံး ရောင်းချနိုင်ရေး     ကြီးကြပ်ဆောင်ရွက်ရေးနှင့်   စျေးကြီးပြန်လည်တည်ဆောက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍     လိုအပ်သည်များ      မှာကြား ဆောင်ရွက်ကြောင်း သိရသည်။   

လှဝင်း