
နတ်မောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက် မြို့ စျေးရပ်ကွက်ရှိ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား ၃၃ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေ များကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်း အောင်နှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုးအဘွား များ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာ တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုး ခုနစ်ဦးနှင့် သက်ကြီး အဘွား ၂၆ ဦးတို့အတွက် နိုင်ငံတော် မှ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ ပေးခြင်းဖြစ်ပြီး စျေးရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၃၃ ဦးတို့အတွက် တစ်ဦး လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၉၀၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လှဝင်း