ဟွာဝေးဖုန်းနှင့် အခြားထုတ်ကုန်များ၏ အပိုပစ္စည်းများကို လျှော့ဈေးဖြင့်ဝယ်ယူပြုပြင်နိုင်မည့် ဝန်ဆောင်မှုပြုလုပ်

 

 

ရန်ကုန် နိုဝင်ဘာ ၉


ပြည်တွင်းမှ ဟွာဝေးဖုန်းအသုံးပြုနေသူများအနေဖြင့် ဖုန်းနှင့် တက်ဘလက်များ အပါအဝင် ဟွာဝေးထုတ် ကုန်အချို့၏ သတ်မှတ်မော်ဒယ်များအတွက် အပို ပစ္စည်းများကို  ၆၀  ရာခိုင်နှုန်းအထိ  လျှော့ဈေးဖြင့် ဝယ်ယူ၍ လက်ခမဲ့ပြုပြင်နိုင်မည့်အပြင် လက်ဆောင် များပါ  ရရှိနိုင်မည့်  Huawei   Service   Carnival ဝန်ဆောင်မှုကို ဟွာဝေးမြန်မာက နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင်   မြန်မာနိုင်ငံအတွင်း တရားဝင်ရောင်းချထားသော    ဟွာဝေးထုတ်ကုန် များသာ  အကျုံးဝင်မည်ဖြစ်ကာ  သုံးစွဲသူများသည် ဟွာဝေး၏  ဝန်ဆောင်မှုစင်တာများတွင်  သတ်မှတ် ထားသော ထုတ်ကုန်များ၏ အာမခံပြင်ပ ပြုပြင်မှု များအတွက် သတ်မှတ်ထားသော အပိုပစ္စည်းများကို အထူးလျှော့ဈေးဖြင့် ဝယ်ယူပြုပြင်နိုင်မည်ဖြစ်သည်။  ဝယ်ယူပြုပြင်သည့်  အပိုပစ္စည်းများအတွက်  ပြုပြင် သည့်နေ့မှ ရက်ပေါင်း ၉၀ အထိ အာမခံလည်း ရရှိ မည်ဖြစ်ကြောင်း သိရသည်။ 
လျှော့ဈေးအစီအစဉ်ဖြင့် အပိုပစ္စည်းဝယ်ယူနိုင် မည့်  ဟွာဝေးထုတ်ကုန်များမှာ  ဖုန်းများတွင် Nova စီးရီးများ၊ Y စီးရီးများ၊ G စီးရီးများ၊ P စီးရီးများနှင့် Mate စီးရီးများဖြစ်ပြီး  စုစုပေါင်း  ဖုန်းမော်ဒယ် ၅၀ ခန့် ပါဝင်သည်။ တက်ဘလက်များတွင် T စီးရီးနှင့်  M စီးရီးမှ တက်ဘလက်မော်ဒယ် ၁၃ မျိုး ပါဝင်သည်။ အခြားထုတ်ကုန်များအဖြစ် Matebook  များတွင် Matebook  နှင့်  Matebook  D  မော်ဒယ်သုံးမျိုး၊ FreeBuds 4i နားကြပ်နှင့်  Huawei  Watch  GT2 စမတ်နာရီတို့လည်း ပါဝင်သည်။
အဆိုပါထုတ်ကုန်များအတွက် သတ်မှတ်ထား သော အပိုပစ္စည်းများကို လျှော့ဈေးဖြင့် ဝယ်ယူပြုပြင် နိုင်မည်ဖြစ်သည်။   သတ်မှတ်ထားသော    ဖုန်းနှင့် တက်ဘလက်မော်ဒယ်များ  အပါအဝင်  ထုတ်ကုန် များ၊ အပိုပစ္စည်းများ၏ ဈေးနှုန်းများနှင့် လျှော့ဈေး ရနိုင်မည့်  ရာခိုင်နှုန်းကို   Consumer.huawei.com/mm/support/sparepart-price   ဝက်ဘ်ဆိုက် လိပ်စာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
လျှော့ဈေးအစီအစဉ်ဖြင့်    ဝယ်ယူနိုင်မည့်အပို ပစ္စည်းများကို ဝန်ဆောင်မှုစင်တာ တစ်ခုချင်းစီတွင် သတ်မှတ်ထားသော အပိုပစ္စည်းလက်ကျန်ရရှိနိုင်မှု အပေါ်   မူတည်၍သာ   ဝန်ဆောင်မှုပေးမည်ဖြစ်၍ သွားရောက်မပြုပြင်မီ    သက်ဆိုင်ရာ   ဝန်ဆောင်မှု စင်တာသို့   ဆက်သွယ်မေးမြန်းရန်   လိုအပ်မည် ဖြစ်ကြောင်း သိရသည်။   
ထို့အပြင် Service Carnival ဝန်ဆောင်မှုကာလ အတွင်း   Huawei Mobile Cloud သိုလှောင်မှုတွင် စာရင်းသွင်းထားခြင်းမရှိသေးသော ဟွာဝေး ID များ အတွက် အထူးဈေးနှုန်းဖြင့် Cloud Storage များကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း    သိရသည်။     Cloud Storage 50GB လစဉ်သက်တမ်းတိုးအစီအစဉ်ကို မူလဈေးနှုန်း ၁၃၉၉ ကျပ်အစား ကျပ် ၃၅၀ နှုန်းဖြင့် လည်းကောင်း၊ Cloud Storage 200GB လစဉ် သက်တမ်းတိုးအစီအစဉ်ကို မူလဈေးနှုန်း ၄၁၉၉ ကျပ်အစား   ကျပ်   ၁၀၅၀    နှုန်းဖြင့်လည်းကောင်း စာရင်းသွင်းဝယ်ယူနိုင်မည်ဖြစ်ပြီး     အထူးဈေးနှုန်း ကာလ ကျော်လွန်ပါက နောက်လများတွင် မူလဈေး နှုန်းဖြင့် သက်တမ်းတိုးမည်ဖြစ်ကြောင်း၊  သက်တမ်း မတိုးလိုပါက စာရင်းသွင်းမှုကို အချိန်မရွေးပယ်ဖျက် နိုင်ပြီး စာရင်းသွင်းမှုကို ပယ်ဖျက်လိုက်ပါက  Cloud Storage ထဲရှိ ဒေတာများကို စီမံနိုင်၊ ဒေါင်းလုပ်ဆွဲ နိုင်မည်ဖြစ်သော်လည်း  ဒေတာအသစ်များ ထပ်တင် ၍ရမည်မဟုတ်ကြောင်း သိရသည်။  
ကိုစိုး