တစ်ကမ္ဘာလုံးဆိုင်ရာ Rally of Hope အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်

တစ်ကမ္ဘာလုံးဆိုင်ရာ Rally of Hope အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်

=====================================================

နေပြည်တော် ဩဂုတ် ၉

 

Universal Peace Federation-Asia Pacific အဖွဲ့က International Summit Council for Peace (ISCP) မှတစ်ဆင့် Interdependence, Mutual Prosperity and Universal Values မြှင့်တင်မှုများကို ကိုရီးယား နိုင်ငံမှဦးဆောင်၍ တစ်ကမ္ဘာလုံး ဆိုင်ရာ Rally of Hope အစီအစဉ်ကို Video Conferencing ဖြင့် ယနေ့ နံနက်ပိုင်းတွင်ကျင်းပရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

 

အဆိုပါအစီအစဉ်သို့ အာရှပစိဖိတ် ဒေသနိုင်ငံများမှ ကိုယ်စားလှယ်များက Video Conferencing ဖြင့် တက်ရောက် ခဲ့ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆန်ဒက်ဟွန်ဆင်တို့ အပါအဝင် နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင် များနှင့် ဝန်ကြီးချုပ်ဟောင်းများ တက်ရောက်၍ အမှာစကားပြောကြား ကြကြောင်း သိရသည်။

 

သတင်းစဉ်