တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် စတင်တာဝန်ထမ်းဆောင်မည့်  ပညာရေးဝန်ထမ်းများကို ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲများ ပြုလုပ်

 

 

နေပြည်တော် နိုဝင်ဘာ  ၈


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့    ပညာရေးဒီဂရီကောလိပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ တက္ကသိုလ်နှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်အပါအဝင်  ရှမ်း ပြည်နယ်အရှေ့ပိုင်း အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊  အခြေခံ ပညာကျောင်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီး  ကလေးတက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီး      တောင်ငူ ပညာရေး    ဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့၌ စတင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများနှင့်  အခြေခံပညာ ဆရာ ဆရာမများအား ကြိုဆိုပွဲ များ၊ မွမ်းမံသင်တန်းများဖွင့်ပွဲနှင့် အခြေခံပညာ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာသင်တန်းများဖွင့်ပွဲကို ယနေ့တွင် တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတို့၌ ပြုလုပ် ကြသည်။    
အဆိုပါ      အခမ်းအနားများ၌    သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် များမှ       တိုင်းမှူးများနှင့် တာဝန် ရှိသူများ၊               တက္ကသိုလ်နှင့် ကောလိပ်အသီးသီးမှ  ပါမောက္ခ ချုပ်များ၊        သင်တန်းသား၊  သင်တန်းသူ   ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ        တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာ စကားများ   ပြောကြားကြသည်။ ထို့နောက်         တိုင်းမှူးများနှင့် တာဝန်ရှိသူများက   တက္ကသိုလ် များ၊ ကောလိပ်များနှင့် အခြေခံ ပညာကျောင်းများတွင်  တာဝန် ထမ်းဆောင်ကြမည့်            ဆရာ  ဆရာမများအတွက် ထောက်ပံ့ငွေ များ၊ ကိုဗစ်-၁၉ ရောဂါ အထောက် အကူပြုပစ္စည်းများနှင့်            စား သောက်ဖွယ်ရာများကို ပေးအပ် သည်။  ယင်းနောက်   တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဆရာ ဆရာမများကို          ရင်းရင်းနှီးနှီး  နှုတ်ဆက်ခဲ့ကြောင်း သိရသည်။  
 သတင်းစဉ်