
မန္တလေး နိုဝင်ဘာ ၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ ၁၃၇၉-၈၀ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.)ဘွဲ့ (၁)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ(M.A)ဘွဲ့ (၁၆)ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ (B.A)ဘွဲ့ (၁၂၁)ပါး၊ စုစုပေါင်း (၁၃၈)ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်း အနားကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းဓမ္မာရုံ ကြီး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်းသဘင်သို့ နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထား၍ အချိန်မီ ကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်