
နေပြည်တော် နိုဝင်ဘာ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဘဏ္ဍာရေးနှင့် ဌာနတွင်း စာရင်းစစ်ပညာ မွမ်းမံသင်တန်းအမှတ်စဉ် (၁/ ၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် ဘဏ္ဍာ ရေးဆိုင်ရာ အရာထမ်း/ အမှုထမ်း များကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ သင်တန်း လာရောက်ပို့ချပေးမည် ဖြစ် ကြောင်း၊ ဘဏ္ဍာရေးဝန်ထမ်းများ သည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် ဝင်ငွေများကို လျာထား ခြင်း၊ အသုံးစရိတ်များကို ခန့်မှန်း ရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသော ငွေစာရင်းထိန်းသိမ်းရေး နည်း လမ်းများ၊ လိုက်နာဆောင်ရွက် ရမည့် စာရင်းပြုနည်းလမ်းညွှန် ချက်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျ စွာ ဆောင်ရွက်နိုင်ရန် လိုအပ် ပါကြောင်း၊ သင်တန်းသား/သင် တန်းသူများအနေဖြင့် သင်တန်း နည်းပြများ၏ ပို့ချမှုများကို လုံ့လစိုက်ထုတ်၍ လေ့လာသင်ယူ မှတ်သားကြရန်နှင့် မိမိတို့ဌာန အတွက် အမှန်တကယ်အကျိုးရှိ စွာ ပြန်လည်အသုံးချဆောင်ရွက် နိုင်ရေး ကြိုးစားကြရန် ပြောကြား သည်။
သင်တန်းဖွင့်ပွဲသို့ သင်တန်း နည်းပြများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာ ထမ်း၊ အမှုထမ်း သင်တန်း သား/ သင်တန်းသူ ၃၀ တို့နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ၅၀ စုစုပေါင်း ၈၀ ပါဝင် တက်ရောက်ကြ သည်။
သတင်းစဉ်