ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်    နိုဝင်ဘာ   ၆


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  နိုင်ငံရေးပါတီများ  ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲအခမ်းအနား ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက် ၉  နာရီ၌ ဆက်လက်ကျင်းပသည်။ 

 


အစည်းအဝေးတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ဦးတင်ဆွေက ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၃၀-၃၁ ရက်တွင် ၂၀၀၈ ခုနှစ်     ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအမျိုးသားညီလာခံ၌ အမျိုး သားညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုးက   အစည်းအဝေးပွဲတွင် တစ်ချိန်၌ ကမ္ဘာပေါ်တွင်    အချိုးကျ ကိုယ်စားပြုမှုစနစ်ကို နိုင်ငံတော်တော် များများ၌  လက်ခံကျင်းပနေကြကြောင်း နှင့်    မြန်မာနိုင်ငံအနေဖြင့်   မဲဆန္ဒနယ် ကျယ်ကျယ်ပြန့်ပြန့်       သတ်မှတ်ပြီး ပြည်ထောင်စုလွှတ်တော်၏   ဆုံးဖြတ် ချက်နှင့်အညီ   လိုအပ်တဲ့ဥပဒေများကို ပြဋ္ဌာန်းပေးရန်ပြောကြားခဲ့ကြောင်း၊ ယခု ပြည်သူ့လွှတ်တော်၌ PR System  ကို ကျင့်သုံးစေခြင်းသည် အုပ်ချုပ်ရေးအကြီး အကဲ(သမ္မတ)ကို ရွေးချယ်ရာ၌ ခုံအများစု ရှိသော ပြည်သူ့လွှတ်တော် (၃၃၀ ခုံ) တွင် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ကောင်းမွန် စွာ ပေါ်ပေါက်နိုင်ပြီး    အစိုးရကောင်း နှင့် ဥပဒေပြုလွှတ်တော်ကောင်းတစ်ရပ် ပေါ်ထွန်းပြီး ခိုင်မာသော အစိုးရတစ်ရပ် နှင့် မတူညီမှုများကို  ပေါင်းစည်းနိုင်ရန် ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။

 


အားလုံးပါဝင်သောကိုယ်စားပြုမှု


အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ  ဦးအောင်ဇင်က    မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စသည် တစ်မျိုးသားလုံး၏   အကျိုး စီးပွားနှင့်        သက်ဆိုင်သည့်အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ် တိုးတက်လာသည့် နိုင်ငံရေးဖြစ်စဉ်များ နှင့်လည်း သက်ဆိုင်နေကြောင်း၊ သမိုင်း ၏တောင်းဆိုမှုအရ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ်ဆီသို့ အရောက်ချီတက် မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးသည် မရှိမဖြစ် ဖြတ်ကျော် ရမည့် အလွန်အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံတော် တည်ဆောက်ရေး (State Building) သာမက  ဒီမိုကရေစီစရိုက်လက္ခဏာ များပါဝင်သည့် တိုင်းရင်းသားပေါင်းစုံ၏ အမျိုးသားနိုင်ငံတော် (Nation Building) တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးကို အထူး အလေးထားဆောင်ရွက်ရမည်  ဖြစ်ပါ ကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေး၊ ညီညွတ် ရေးမှသည်   တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေးအတွက် လွှတ်တော်အသီးသီး တွင် အားလုံးပါဝင်စေသော   ကိုယ်စားပြု မှုကို     ဆောင်ရွက်ပေးရန်လိုကြောင်း၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်ထောင်စု   မြန်မာနိုင်ငံတော်၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းလာရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံနှင့်    လိုက်လျောညီထွေဖြစ် သည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ် (PR) ဖြစ်ပေါ်လာရေးကို ၂၀၁၂ ခုနှစ် မှ စတင်ကြိုးပမ်းခဲ့ကြောင်း   ဆွေးနွေးသည်။

 


ပြည်မြို့မှ ဦးသိန်းဇော်က   ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်   အများပြည်သူက နားလည်လက်ခံသော    ဆန္ဒမဲပေးမှု ဖြစ်စေရန် ကိုယ်စားလှယ်လောင်းများ၏ ကြိုးပမ်းအားထုတ်မှု   ပါဝင်စေရန်နှင့် ယခင် ဆန္ဒမဲပေးမှုပုံစံမှ   များစွာကွဲလွဲ သွားမှုမရှိစေရန်အတွက်   ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ကြောင်း ပြောကြားပြီး PR စနစ်ဖြင့် ရွေးကောက်တင်မြှောက် နိုင်ရေးအတွက်     ရွေးကောက်ပွဲစနစ် ဒီဇိုင်းများကို         အသေးစိတ်ရှင်းလင်း ဆွေးနွေးပါသည်။

 


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်သိန်းက  PR စနစ် ကျင့်သုံးခြင်းဖြင့်    ပါတီငယ်လေးများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်လေးများ လွှတ်တော်တွင်း ဝင်ရောက်နိုင်မှု အခွင့် အရေးပိုမိုရရှိလာနိုင်ခြင်း၊     မဲဆန္ဒရှင် တစ်ဦးချင်း၏ အခွင့်အရေးကို  အာမခံ နိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှု မရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ် ပြည်သူစိတ်ဝင် စားမှုရှိလာပြီး မဲလာပေးမှု ( Turn Out ) ကောင်းလာနိုင်ခြင်း၊    အားလုံးပါဝင် ဆောင်ရွက်မှု (All Inclusive)   ပိုမိုရရှိ လာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်းကို ဒီမိုကရေစီအာဏာရှင်စနစ်ကို ကာကွယ် ဟန့်တားနိုင်မည်ဖြစ်ခြင်းစသည့် အကျိုး စီးပွားတွေကို ရရှိလာနိုင်ကြောင်း၊ အချိုး ကျကိုယ်စားပြုစနစ်    (PR System) ရွေးကောက်ပုံစံသစ်ကို အရေးပေါ်ကာလ လုပ်ငန်းတာဝန်များ   ပြီးဆုံးပြီးနောက် ကျင်းပမည့်ရွေးကောက်ပွဲတွင်  စတင် အသုံးပြုနိုင်အောင်       ဆောင်ရွက်သင့် ကြောင်း ဆွေးနွေးသည်။

 


ဒီမိုကရေစီပါတီသစ် (ကချင်)မှ ဦးခေါ တိန့်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ များကို ကြည့်မည်ဆိုပါက ရွေးကောက်ပွဲ စနစ်အားနည်းခြင်း၊ လူဦးရေအချိုးအစား ကွာဟမှု၊ မြို့နယ်များကိုသာ အခြေခံနေ ခြင်းများအပြင် ယာယီရွှေ့ပြောင်းနေထိုင် သော  မဲဆန္ဒရှင်များနှင့်   ပတ်သက်၍ နည်းဥပဒေ      အားနည်းမှုများကြောင့် ရွေးကောက်ပွဲတွင် ပါတီကြီး (၂)ခုကသာ တစ်လှည့်စီအာဏာရရှိစေပြီး တစ်ပါတီ အာဏာရှင်စနစ်ဖြစ်ပေါ်မှုသာ    အား ကောင်းခဲ့ပြီး တိုင်းရင်းသားလူနည်းစုပါတီငယ်များအတွက်  အခွင့်အရေးများ နည်းပါးခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမည်ဟု ဆိုသဖြင့် လွှတ်တော်အတွင်း ပါတီစုံပါဝင် နိုင်ရေးအတွက် PR စနစ်ကို  ပြောင်းလဲ ကျင့်သုံးရန် လိုအပ်လာပြီဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးမည်ဆိုပါက အရိုးရှင်း ဆုံး၊ အလွယ်ကူဆုံး စနစ်တစ်မျိုးဖြစ်နိုင် ရန် လိုအပ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရှိရင်းစွဲ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် များအပေါ် အခြေခံသော မဲဆန္ဒဇုန်များ သတ်မှတ်ပေးခြင်းနှင့်    တိုင်းရင်းသား လူနည်းစုများအတွက်   အခွင့်အရေး နစ်နာမှုမရှိသော    စနစ်မျိုးဖြစ်နိုင်ရေး စဉ်းစားပေးရန်   ဆွေးနွေးပြောကြားပြီး မဲဆန္ဒနယ်များခွဲဝေနိုင်ရေး   အကြံပြု ဆွေးနွေးခဲ့သည်။

 


ဖလုံ-စဝေါ်   ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းထိုက်ထိုက်ဝင်းကျော်က မြို့နယ် နှင့် လူဦးရေကိုအခြေခံသော အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ (PR) စနစ်၊ ပြည်နယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ရွေးကောက်မည့်စနစ်များကို ဆွေးနွေး ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခြင်းအားဖြင့်    မဲမသမာမှုများ ကို   ကြိုတင်ရှောင်ရှားနိုင်မည့်အပြင် လွတ်လပ်၍ မျှတခြင်းကို  ဖော်ဆောင် နိုင်ရုံသာမက  ပါဝင်မှုအခန်းကဏ္ဍနှင့် ကိုယ်စားပြုမှုစုံလင်သည့်   လွှတ်တော် အခင်းအကျင်းတစ်ခုကို ပေါ်ပေါက်လာ စေရန် ရည်ရွယ်ပါကြောင်း   ဆွေးနွေး သည်။ 

 


အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ဒေါ်ဝင်းကေခိုင်အေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သည် ကိုလိုနီခေတ်ကာလ၊ လွတ်လပ် ရေးရပြီး ပါလီမန်ခေတ်ကာလ၊ ၂၀၁၀ မှ ၂၀၂၀ ဒီမိုကရေစီကာလများတွင် ကျင့်သုံး ခဲ့သော ရွေးကောက်ပွဲစနစ်မှာ   နိုင်သူ အကုန်ယူ Winner takes all (FPTP) စနစ်များသာဖြစ်ကြောင်း၊ သို့သော်လည်း FPTP  စနစ်၏    အားနည်းချက်ကြောင့် လွှတ်တော်အတွင်း   အနိုင်ရပါတီတစ်ခု တည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရပါတီ၏ အကျိုးကို လွှတ်တော်အတွင်းဖော်ဆောင် ၍ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုလာ ခြင်း၊ လွှတ်တော်တွင် တိုင်းရင်းသားပါတီ များ၏ အသံ (Voice) ထွက်ခွင့်  ပါတီစုံ ပါဝင်ခွင့်မရသဖြင့်    ကျန်ပါတီများကို ထောက်ခံသော ပြည်သူများက   ပေးခဲ့ သောမဲများ Waste   ဖြစ်ခြင်းစသည့် ဆိုးကျိုးများခံစားခဲ့ရကြောင်း။

 


 တိုင်းရင်းသား ၁၃၅ မျိုးဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်၍ အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးမှသာလျှင်    ကွဲပြား ခြားနားသော တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကို သိရှိဖော်ဆောင်နိုင် မည်ဖြစ်ပါကြောင်း၊   တိုင်းရင်းသားများ လိုလားတောင့်တနေသည့်    Federal ဆိုင်ရာ အခွင့်အရေးများကို လွှတ်တော် လမ်းကြောင်းမှ ဖော်ဆောင်နိုင်လိမ့်မည် ဟု ယုံကြည်ပါကြောင်း၊    တိုင်းရင်းသား အစုံအလင် ပါတီအစုံအလင်ပါဝင်သော သက်တန့်ရောင်စုံလွှတ်တော် ဖော်ဆောင် ခြင်းသည်ပင်        အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ရာရောက် ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို ပျိုးထောင် ရာလည်း ရောက်သောကြောင့် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ရွေးကောက်ပွဲ တွင် ကျင့်သုံးသင့်ကြောင်း    ဆွေးနွေး သည်။

 


ယင်းနောက်         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံး ချုပ် အမှာစကားပြောကြားရာတွင် အခမ်း အနားသို့ နိုင်ငံရေးပါတီများမှ   တာဝန် ရှိသူများ၊ စိတ်ပါဝင်စားသူများမှ စိတ်ပါ ဝင်စားစွာ   ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မဲဆန္ဒနယ်  ပြန်လည်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍         ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က   မဲဆန္ဒနယ်များ သတ်မှတ် ရာတွင် အကြံပြုလာကြောင်း၊ ကန့်သတ် ချက်များရှိ၍   အကောင်းဆုံးဖြစ်အောင် သုံးသပ်ဆောင်ရွက်သွားမည်      ဖြစ် ကြောင်း။ 

 


တတိယအကြိမ်တွေ့ဆုံခြင်း


ယခုဆွေးနွေးပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တတိယအကြိမ်တွေ့ဆုံခြင်း ပင်ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲများတွင်    ရွေးကောက်ပွဲစနစ် နှင့်စပ်လျဉ်း၍ သဘောတူခဲ့ပြီး   ယခု တတိယအကြိမ်သည် PR ဒီဇိုင်း မည်သို့ ဆောင်ရွက်မလဲ၊ မြန်မာနိုင်ငံနှင့်ညီညွတ် သည့် PR စနစ် ကျင့်သုံးနိုင်ရန် ဆွေးနွေး အကြံပြုချက်တောင်းခံခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား  ၁၃၅      မျိုးလုံးအတွက် လုံခြုံမှုအာမခံမှုရှိနိုင်ရန်၊    ဥပဒေနှင့် အုပ်ချုပ်ရေးများတွင် ပါဝင်ဆောင်ရွက် နိုင်ရန်        စဉ်းစားပေးရန်လိုကြောင်း၊ စည်းရုံးစွမ်းဆောင်ရွက်နိုင်မှုအပေါ်   မူ တည်ပြီး   နယ်မြေလုံခြုံတိုးတက်မည် ဖြစ်ပြီး နိုင်ငံလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း။

 


နောက်  တစ်လ/နှစ်လတွင်    ယခု ကဲ့သို့ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စား သူများကိုဖိတ်ကြား၍    တက်ရောက် လာသူများကို အဖွဲ့များစုဖွဲ့၍  ပြည်သူ့ လွှတ်တော်၊   အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် များအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်း များကို ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေး အကြံပြု    ဆွေးနွေးပွဲပြုလုပ်မည်ဖြစ် ကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်ထမ်းများသည်   ရွေး ကောက်ပွဲအတွက် အချိန်ပြည့်စဉ်းစား ဆောင်ရွက်လျက်ရှိပြီး    ရွေးကောက်ပွဲ စာတမ်းများလည်း ပြုစုလျက်ရှိကြောင်း၊ နိုင်ငံရေးပါတီများမှ ရရှိသည့်အကြံဉာဏ် များနှင့်စပ်လျဉ်း၍   အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံကောင်းအောင် စဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်         ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲ ဒုတိယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီ  ၅၁ ပါတီမှ ကိုယ်စားလှယ်  ၉၂ ဦး၊ စိတ်ပါဝင်စား၍ တက်ရောက်သူ အရပ်ဘက်ကိုယ်စားလှယ်     ၁၈   စုစု ပေါင်း ၁၁၀  တက်ရောက်ခဲ့ကြောင်း  သိရ သည်။                              
 သတင်းစဉ်