
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၉၄/၂၀၂၁
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ကြည်း ၂၃၈၀၁ ဗိုလ်မှူးကြီး သက်စိုး အစား ကြည်း ၂၇၁၂၀ ဗိုလ်မှူးကြီး သိန်းလင်း အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး