
ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက် ဖိတ်ခေါ်လက်ရည်စစ် လှေ လှော်ပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ် အင်းလျားကန်၌ ကျင်းပသည်။
အစီအစဉ်အရ အမျိုးသားမီတာ(၅၀၀) ငါးမြွေထိုးလှေ ငါးယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်းများ (က) အသင်းမှ ထွန်းထွန်းနိုင်နှင့်အဖွဲ့၊ ဒုတိယ ဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က)အသင်းမှ စိုင်းဖြိုးကျော်နှင့်အဖွဲ့၊ တတိယ ဆုရရှိသော လက်ရွေးစင်ဟောင်းများ (ခ)အသင်းမှ မျိုးကိုကိုနှင့်အဖွဲ့တို့ကို ဧရာဝတီ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ အမျိုးသမီး မီတာ(၅၀၀) ငါးမြွေထိုးလှေ ငါးယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော မလင်းလင်းကျော်နှင့်အဖွဲ့၊ ဒုတိယဆုရရှိသော မစန္ဒာရွှေနှင့်အဖွဲ့၊ တတိယဆုရရှိသော မအေး အေးသိန်း နှင့်အဖွဲ့တို့ကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးကလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသမီးမီတာ(၅၀၀) (Dragon Boat) ခြောက်ယောက်လှော် ပြိုင်ပွဲ တွင် ပထမဆုရရှိသော မလှလှထွေးနှင့် မသီတာဦးတို့အဖွဲ့၊ ဒုတိယဆုရရှိသော မအေးအေးသိန်းနှင့် မမာန်ဟွဲ့ဖောင်တို့အဖွဲ့၊ တတိယဆုရရှိသော မစန္ဒာရွှေနှင့် မအိဖြူတို့ အဖွဲ့တို့ကို အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ညွှန်ကြားရေးမှူးက လည်းကောင်း၊ အမျိုးသားမီတာ(၅၀၀) (Dragon Boat) ခြောက်ယောက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် (ခ)အသင်းမှ ထူးထူးအောင်နှင့် အဖွဲ့၊ ဒုတိယဆု ရရှိသော လက်ရွေးစင်ဟောင်းများ (က) အသင်း မှ စိုင်းစံဟိန်းနှင့်အဖွဲ့၊ တတိယဆု ရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (က) အသင်းမှ သန်းဌေးအောင်နှင့်အဖွဲ့ တို့ကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌက လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် အမျိုးသားမီတာ(၅၀၀) (Dragon Boat) ၁၂ ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်းများ (က) အသင်း၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် (က) အသင်းတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆုများချီးမြှင့်ခဲ့ ကြောင်းနှင့် ကျန်ရှိသော ပြိုင်ပွဲများကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်