
မြစ်ကြီးနား နိုဝင်ဘာ ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား မြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကဒီဒြယ် ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေးစခန်းနှင့် နန်းကွေ့ ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ကိုဗစ်-၁၉ အတည်ပြုလူနာများ စောင့်ရှောက်ရေး စခန်းသို့ ရောက်ရှိပြီး ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စခန်းတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်နေမှုအပိုင်းများနှင့် အောက်ဆီ ဂျင်လိုအပ်ချက်အခြေအနေတို့ကို မေးမြန်းဆွေးနွေး ကာ စခန်းအတွင်းရှိ လူနာဆောင်များမှ လူနာများ ကို အားပေးစကားပြောကြားခဲ့ပြီး အသင်းတော်နှင့် စေတနာ့ဝန်ထမ်းများအတွက် PPE ၀တ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ဒူကထောင်ရပ်ကွက်ရှိ စိန့်ဂျိုးဇက် ကတ်သလစ်အသင်းတော် ကလေးသူငယ်ဖွံ့ဖြိုးရေး ဂေဟာအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်း အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စေတနာ့ဝန်ထမ်း လူငယ်များဖြင့် စုဖွဲ့ဆောင်ရွက် ထားရှိမှုများကို အသင်းတော်တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က PPE ၀တ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် စီတာပူရပ်ကွက် အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးပိုင်ရုံးဝင်း အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြုစု စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းထိုင်ဘုန်းတော်ကြီးထံ ကိုဗစ်-၁၉ ကာကွယ် ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ် ခဲ့သည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုတွင် PPE ၀တ်စုံ ၂၂၀၀၊ လက်အိတ်အခုရေ ၄၈၀၀၊ နှာခေါင်းစည်း အခု ရေ ၃၀၀၀၀ ၊ လက်သန့်ဆေးရည်ဘူး ၃၀၀ ၊ ဓာတ် ဆားရည် အထုပ် ၂၀၀၊ ခေါင်းစွပ်အခုရေ ၂၀၀၀ နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀ သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)