ပြည်တွင်း ပြည်ပ ပညာရှင်များ၏ စာအုပ်စာတမ်းများ၊ သုတေသနစာတမ်းများ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များကို လက်လှမ်းတမီ လွယ်ကူစွာလေ့လာနိုင်ရေး တက္ကသိုလ်စာကြည့်တိုက်များ အဆင့်မြှင့်တင်ရန်လို

 

နေပြည်တော် နိုဝင်ဘာ ၅


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်သည် အဓိကအခန်းကဏ္ဍက  ပါဝင်နေပါကြောင်း၊  ဘွဲ့ကြို ဘွဲ့လွန်နှင့်    ပါရဂူသင်တန်းများအနေဖြင့်  ပုံမှန် သင်ကြား သင်ယူမှုလုပ်ငန်းများအပြင် နိုင်ငံတကာ ၏ နောက်ဆုံးပေါ် နည်းပညာရပ်များကို မျက်ခြည် မပြတ် လေ့လာနိုင်ရေးသည်  ခေတ်မီစာကြည့်တိုက် များအပေါ်  များစွာတည်မီနေပါကြောင်း၊ ပြည်တွင်း ပြည်ပ     ပညာရှင်များ၏   စာအုပ်စာတမ်းများ၊ သုတေသနစာတမ်းများ၊      နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များကို  လက်လှမ်းတမီ လွယ်ကူစွာ လေ့လာနိုင်ရေးအတွက် တက္ကသိုလ်စာကြည့်တိုက် များ အဆင့်မြှင့်တင်ရန်  လိုအပ်ကြောင်း ယနေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့်   မွေးမြူရေးနှင့်  ကုသရေးဆိုင်ရာ   ဆေးတက္ကသိုလ်များ၏ စာကြည့် တိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုး ရေး၊   မွေးမြူရေးနှင့်       ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးက  တာဝန်ရှိသူ များကို ဆွေးနွေးပြောကြားသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့်  အဆင့်မြှင့်တင်ဆောင်ရွက် ထားရှိသော စိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်၊ အဆင့်မြင့်စိုက်ပျိုးရေး  သုတေသနနှင့်   ဗဟိုဌာန (ACARE) စာကြည့်တိုက်နှင့် မွေးမြူရေးနှင့် ကုသရေး ဆိုင်ရာ   ဆေးတက္ကသိုလ်    စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက   လုပ်ငန်း ဆောင်ရွက်ထားမှုများကို  ရှင်းလင်းတင်ပြကြသည်။

 


တင်ပြချက်များအပေါ်    ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်စာကြည့်တိုက်များတွင် ရှိနေသည့် ရှားပါး စာအုပ်များကို    ဒစ်ဂျစ်တယ်စနစ်အဖြစ်  ပြောင်းလဲ သိမ်းဆည်းနိုင်ရေး၊ သုတေသန စာတမ်းများ၊ ပညာ ရပ်ဆိုင်ရာ စာအုပ်စာစောင်များနှင့် နည်းပညာရပ် ဆိုင်ရာ  လေ့လာဖွယ်ရာများကို    ပိုမိုကျယ်ပြန့်စွာ လေ့လာနိုင်ရေးအတွက်  တက္ကသိုလ်စာကြည့်တိုက် များ    အချင်းချင်းအကြား           နက်ဝပ်ချိတ်ဆက် ဆောင်ရွက်ရေးနှင့်  နိုင်ငံတကာ စာကြည့်တိုက်များနှင့် ချိတ်ဆက်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန်  လိုအပ်ချက် များကိုလည်းကောင်း၊        ကျောင်းဧရိယာအတွင်း အင်တာနက်   ကွန်ရက်အခမဲ့အသုံးပြုနိုင်ရေးနှင့် စာကြည့်တိုက်များသို့ လွယ်ကူစွာဝင်ရောက်နိုင်ရေး၊ သက်ဆိုင်ရာဒေသများတွင်    လုပ်ငန်းခွင်   လက်တွေ့ သင်တန်းဝင်နေကြသည့်  ကျောင်းသား  ကျောင်းသူ များအနေဖြင့်   စာကြည့်တိုက်များသို့  အင်တာနက် ကွန်ရက်မှ          ဝင်ရောက်အသုံးပြုနိုင်သကဲ့သို့   ဆက်သွယ်မှု   ဧရိယာပြင်ပ   အခြေအနေများတွင် လေ့လာနိုင်ရန်ဒေတာများ          အလွယ်တကူရယူ သိမ်းဆည်းနိုင်သည့်စနစ်များ ထည့်သွင်းဆောင်ရွက် ပေးရန်   လိုအပ်ချက်များကို   ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။                            

သတင်းစဉ်