
နေပြည်တော် နိုဝင်ဘာ ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများ၊ မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်လေးစီး ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီး တန် ၄၀၊ အောက်ဆီဂျင် Plant နှစ်ခုနှင့် Mask နှာခေါင်းစည်း ၁၀ တန် တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီ ဂျင် (အရည်) Bowser ယာဉ်နှစ်စီး မှာ မြဝတီကုန်သွယ်ရေးဇုန်မှ နေပြည်တော်နှင့် ရန်ကုန်မြို့တို့သို့ တစ်စီးစီဖြစ်ပြီး အောက်ဆီဂျင် Plant နှစ်ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရှိရသည်။
သတင်းစဉ်