အာဆီယံ စီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ ကာလလယ် သုံးသပ်ချက်ဆောင်ရွက်နေမှုနှင့် အေအီးစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ဆွေးနွေး

နေပြည်တော်  အောက်တိုဘာ  ၂၈


အာဆီယံစီးပွားရေးအသိုက်အဝန်း  (အေအီးစီ) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့်  ညှိနှိုင်း အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။ 


အစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနများမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဆွေးနွေး

အစည်းအဝေးတွင်  မြန်မာနိုင်ငံ၏  အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ    ဝန်ကြီးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စက်တင်ဘာလ အတွင်း  ကျင်းပပြီးစီးခဲ့သည့်    (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ  အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့်  အောက်တိုဘာလ တတိယပတ်တွင်    ကျင်းပပြီးစီးခဲ့သည့်  အကြိမ်       (၂၀)မြောက်  အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီ အစည်းအဝေးတို့တွင် ဆွေးနွေးညှိနှိုင်းချက် များအရ အေအီးစီလုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှု၌ မြန်မာနိုင်ငံက ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍   သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက် ပေးရမည့်ကိစ္စများကို လည်းကောင်း၊ မိမိတို့နိုင်ငံက လိုက်ပါ အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များကို သတ်မှတ်အချိန်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရာ တွင် အခက်အခဲများ၊ ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ် ချက်များနှင့်စပ်လျဉ်း၍  လည်းကောင်း၊  လုပ်ငန်း အဆင့်အစည်းအဝေးများကျင်းပ၍  ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်ကိစ္စများကိုလည်းကောင်း ပြောကြားပြီး (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်   ဆက်စပ်အစည်းအဝေးများ၏ အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့သည်။ 


ထို့ပြင်  ပြည်ထောင်စုဝန်ကြီးက  ဘာသာရပ် ဆိုင်ရာဌာနများအနေဖြင့်  အေအီးစီဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်နေသည့် ဌာနများတွင် လူ့စွမ်းအား အရင်းအမြစ်ပြတ်လပ်မှုမရှိစေရေးအတွက်  အထူး အလေးထားဆောင်ရွက်ရန်နှင့်    အေအီးစီဆိုင်ရာ လုပ်ငန်းစဉ်များ   အကောင်အထည်ဖော်မှု  အခြေ အနေများကို      သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်း ခဲ့သည်။ 


ဆွေးနွေးတင်ပြ


ထို့နောက်  မြန်မာနိုင်ငံ၏  အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ    အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ၂၀၂၁ ခုနှစ်အတွက် အေအီးစီ အကောင်အထည်ဖော်မှုတွင်      မြန်မာနိုင်ငံက ဆောင်ရွက်ရန်   ကျန်ရှိသည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဒေသတွင်း နှင့် နိုင်ငံစုံလွတ်လပ်သောကုန်သွယ်မှုသဘောတူ စာချုပ်များအပြင် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်(Bilateral    Free    Trade Agreement- BFTA) နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုစာချုပ် များ (Bilateral Investment Treaty -BIT) ချုပ်ဆိုနိုင်မည့်အလားအလာများကို   ရှာဖွေ၍   ဆက်လက် ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြ ခဲ့သည်။ 


ရှင်းလင်းတင်ပြ

ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံစီးပွားရေးအသိုက် အဝန်းပုံစံ    ၂၀၂၅    ကာလလယ်   သုံးသပ်ချက် ဆောင်ရွက်မှု ရလဒ်အပါအဝင် အေအီးစီလုပ်ငန်းစဉ် များအကောင်အထည်ဖော်မှုအခြေအနေများ၊ မြန်မာ နိုင်ငံက အာဆီယံ၌ ပါဝင်ခြင်းဖြင့်ရရှိသည့် အကျိုး ကျေးဇူးနှင့် စိန်ခေါ်မှုဆိုင်ရာ ဆန်းစစ်လေ့လာမှုကို ရှင်းလင်းတင်ပြခဲ့သည်။ 

ထို့နောက်     အာဆီယံစီးပွားရေးအသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ   ဘာသာရပ်ဆိုင်ရာဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏  အကောင်အထည်ဖော်မှု အခြေ အနေများ၊   ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို   တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

သတင်းစဉ်