သွင်းအားစု ဓာတ်မြေဩဇာဈေးနှုန်းနှင့် ကိုင်တွယ်စရိတ်၊ ကုန်သွယ်မှုစရိတ်ကြီးမြင့်လာခြင်းသည် စိုက်ပျိုးထုတ်လုပ်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်

ကုန်သွယ်မှုလမ်းကြောင်းများ ချောမွေ့ပွင့်လင်းစေရေးအတွက် အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံအကြားပူးပေါင်းဆောင်ရွက်နိုင်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်တက်ကြွကြွ ပါဝင်သွားမည်

 

နေပြည်တော်    အောက်တိုဘာ   ၂၇


 (၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့်  (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာ  စိုက်ပျိုးရေးနှင့်   သစ်တောဆိုင်ရာ  ဝန်ကြီးများ အစည်းအဝေးတို့ကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦး  တက်ရောက်ဆွေးနွေးသည်။


တက်တက်ကြွကြွ ပါဝင်သွားမည်


ပြည်ထောင်စုဝန်ကြီးက    ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သွင်းအားစု ဓာတ်မြေဩဇာဈေးနှုန်းနှင့်      ကိုင်တွယ်စရိတ်၊ ကုန်သွယ်မှုစရိတ် ကြီးမြင့်လာခြင်းသည် စိုက်ပျိုး  ထုတ်လုပ်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်အဖြစ် တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကုန်သွယ်မှု လမ်းကြောင်းများ  ချောမွေ့ပွင့်လင်းစေရေးအတွက် အာဆီယံနိုင်ငံများနှင့်   အပေါင်းသုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်      ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင်       မြန်မာနိုင်ငံအနေဖြင့် တက်တက်ကြွကြွ     ပါဝင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။


(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး နှင့်  (၂၁) ကြိမ်မြောက်  အာဆီယံ  အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အစည်းအဝေးများအတွက် အဆင့်မြင့်အရာရှိ ကြီးများ၏  ကြိုတင်ညှိနှိုင်းအစည်းအဝေးများကို အောက်တိုဘာ ၂၆ ရက်နှင့်    ၂၇ ရက်များတွင်  အွန်လိုင်းစနစ်ဖြင့်  ကျင်းပရာ  သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံက    တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန     စီမံကိန်းဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။


(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ ဘက်စုံထူထောင်ရေးဆိုင်ရာ မူဘောင် ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြခြင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါ ကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ပြန်လည် ထူထောင်လာစေရေးနှင့် ကြံ့ကြံ့ခံနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် အတွေ့အကြုံ များကို ဖလှယ်ခြင်း၊ အာဆီယံနိုင်ငံများရှိ စားနပ် ရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ  ပူးပေါင်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် မူဝါဒ မူဘောင် များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို တင်ပြ ဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ်တွင် အဓိကရေးဆွဲပြီးစီး ခဲ့သည့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍဆိုင်ရာ       လမ်းညွှန်ချက်များ၊ သတ်မှတ်ချက် (၉)ခုနှင့် ၂၀၂၂ ခုနှစ်တွင် အကောင် အထည်ဖော်မည့်      စိုက်ပျိုးရေး၊  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍဆိုင်ရာ လမ်းညွှန် ချက်(၂၇)ခုတို့ကို ဝန်ကြီးများ၏ အတည်ပြုချက်  ရယူခြင်း၊   အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊  ကမ္ဘာလုံးဆိုင်ရာ  တိရစ္ဆာန်ကျန်းမာရေး  အဖွဲ့အစည်း၊ အာရှဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းတို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အား အကောင်အထည်ဖော်နိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ် များအား    ဝန်ကြီးများက   အတည်ပြုခဲ့ကြပြီး လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။


ယင်းနောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးက   ထုတ်ပြန်ကြေညာမည့်  ပူးတွဲ ကြေညာချက်ကို အတည်ပြုခဲ့ကြသည်။


(၂၁)ကြိမ်မြောက်   ကျင်းပသည့်  အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ အား ပြန်လည်ထူထောင်လာစေရေးနှင့် ကြံ့ကြံ့ခံနိုင် စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများ နှင့် အတွေ့အကြုံများအား ဖလှယ်ခြင်း၊ အကြိုညှိနှိုင်း အစည်းအဝေးမှ    ဆွေးနွေးဆုံးဖြတ်ချက်များဖြစ် သည့် အာဆီယံ အပေါင်းသုံးနိုင်ငံများတွင် စားနပ် ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ     (၂၀၁၆−၂၀၂၅)၏ အကောင်အထည်ဖော်    ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊    ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံ များအတွက်     စီးပွားရေးဆိုင်ရာ   သုတေသန အဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် ကိုဗစ်−၁၉ ကပ်ရောဂါ ကျရောက်ပြီးနောက်ပိုင်း ကာလတွင် အာဆီယံနိုင်ငံများရှိ စားသောက်ကုန် များနှင့် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ တန်ဖိုး မြင့်မားစေရေးအတွက်   စားသောက်ကုန်တန်ဖိုး ကွင်းဆက်များနှင့်   အအေးခန်းကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်စေရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ များ  အသုံးပြုခြင်းဆိုင်ရာ  သုတေသနစီမံကိန်းမှ ထွက်ပေါ်လာသည့် ရလဒ်များကို တင်ပြဆွေးနွေး ခဲ့မှုအပေါ်   ဝန်ကြီးများက   အတည်ပြုခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက်     လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။


ထို့နောက် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့်  သစ်တောဆိုင်ရာ  ဝန်ကြီးများ၏ (၂၁)ကြိမ်မြောက်  အစည်းအဝေးတွင်  ထုတ်ပြန် ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ ကြသည်။   ၂၀၂၂ ခုနှစ်တွင်   လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ လယ်ယာစိုက်ပျိုး​ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးနှင့် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့်     သစ်တောဆိုင်ရာဝန်ကြီးများ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပမည့် အချိန် နှင့် နေရာတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရ သည်။        

                                    
 သတင်းစဉ်