ဆလုံကျေးရွာမှ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေး

 

ကော့သောင်း   အောက်တိုဘာ  ၂၇


ကော့သောင်းမြို့နယ်အတွင်းရှိ  အခြေခံပညာအလယ်တန်းနှင့်   အထက် တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဇာဒက်ကြီးကျွန်း ဆလုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ      ကျောင်းသား  ကျောင်းသူ ၄၂   ဦးအား   ကော့သောင်းမြို့နယ်   ပြည်သူ့ကျန်းမာရေးဌာနက   အောက်တိုဘာ ၂၅ ရက်က ကာကွယ်ဆေး ထိုးနှံပေးသည်။

 


အဆိုပါ ဇာဒက်ကြီးကျွန်း  အခြေခံပညာအထက် တန်းကျောင်းသည် ရှားပါးလူသားမျိုးနွယ်စုဖြစ်သည့်   ဆလုံ  (ခေါ်)   မော်ကင်းလူမျိုး ကျောင်းသားကျောင်းသူ    အများစု     ပညာသင်ကြားလျက်ရှိသည့်   ကျောင်း တစ်ကျောင်းဖြစ်ပြီး   ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ ကို ကော့သောင်းခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီ ပေးခဲ့သည်။              

ကျော်စိုး(ကော့သောင်း)