
မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေး မြို့ပေါ်ရှိ အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများကို နိုင်လွန်ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မကွေးမြို့အနေဖြင့် တိုင်းဒေသကြီးမြို့တော် ဖြစ်သည်နှင့်အညီ မြို့ပြဘက်စုံဖွံ့ဖြိုးတိုးတက် သာယာလှပရေးအတွက် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ အဖွဲ့က စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် မကွေးမြို့တွင်း လမ်းများဖြစ်သည့် အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများကို နိုင်လွန်ကတ္တရာ ခင်းကျင်း ဆောင်ရွက်နေမှုနှင့် Box Culvert လေးစင်း ဆောင်ရွက်မှုအခြေအနေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာမှူးများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များအနေဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့ရေစီးရေလာစနစ် ကောင်းမွန် ရေး၊ အဓိကကျသည့် မြို့တွင်းလမ်းများကို နိုင်လွန် ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ ရပ်ကွက်လမ်းသွယ်များကိုလည်း စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူပူးပေါင်း၍ ကွန်ကရစ်လမ်းများအဖြစ် လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုသိသာ ထင်ရှားစေရန် ယာဉ်သွားလမ်း၊ လူသွားလမ်းများ သတ်မှတ်နေရာတကျဖြစ်စေရန်၊ ယာဉ်အန္တရာယ် ကင်းဝေးစေရန် Public Area ပိုမိုများပြားလာစေ ရန်နှင့် မြို့သပ်ရပ်သန့်ရှင်းလှပစေရန်တို့ကို အဓိက ထား လုပ်ဆောင်ကြစေလိုကြောင်း မှာကြားသည်။
မကွေးမြို့တွင်းလမ်းများဖြစ်သည့် အဝေရာ လမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများ နိုင်လွန် ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက် ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အဖွဲ့ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်သိန်း ၈၁၄၉ ဒသမ ၀၉၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်း အားလုံးရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)