
နေပြည်တော် အောက်တိုဘာ ၂၇
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နှင့် နမ့်စန်မြို့တို့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ကျွန်းစု မြို့နယ်နှင့် ရေဖြူမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်၌ လည်း ကောင်း၊ ရခိုင်ပြည်နယ် အမ်းမြို့ နှင့် မောင်တောမြို့တို့၌ လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့၌လည်းကောင်း ပြုလုပ် ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာ တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို စောင့် ရှောက်သော မြန်မာ့တပ်မတော် အား ထောက်ခံပါသည်။ NUG CRPH PDF အကြမ်းဖက်သမား အလိုမရှိ၊ NUG CRPH PDF အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စု မပြို ကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပ အားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပစွက်ဖက်မှု အလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လုပ်ငန်းစဉ် (၅) ရပ်အား ထောက်ခံ ပါသည်။ ဒီမိုကရေစီအရေခြုံ ကွန်မြူနစ်လုပ်ရပ် ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ် ဖြတ်၊ NUG PDF အကြမ်းဖက်မှု တွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်