ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး

 

နေပြည်တော်  အောက်တိုဘာ  ၂၇


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်သည်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥပဒေ ပုဒ်မ ၁၀( ဌ )တွင်    ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို       မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်    ကြီးကြပ်စေ ခြင်း”ဆိုသည့်    တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏    ပါတီဝင် အင်အား၊  ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ      စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊      သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊   ပါတီဆိုင်ရာ လုပ်ငန်းများကို     စနစ်တကျ ဆောင်ရွက်ထားခြင်း   ရှိ၊  မရှိ တို့ကို  စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့     ဆောင်ရွက်ရာတွင် ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင် ဦးဆောင်ပြီး    စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့ သည် ကချင်ပြည်နယ်အခြေစိုက် ဖြစ်ကြသော      လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) [ LISU NATIONAL DEVE-LOPMENT PARTY ( L.N.P.D ) ] နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) [New   Democracy    Party (Kachin)] [N.D.P  (Kachin)] တို့ကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်ပြီး   စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့ သည်  ရခိုင်ပြည်နယ်အခြေစိုက် ဖြစ်သော   ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party(AFP)] ကို အောက်တိုဘာ ၉ ရက်မှ ၁၂ ရက် အထိလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး ဦးဆောင်ပြီး စာရင်းစစ် ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီး ဌာနနှင့်  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ       ဌာနဆိုင်ရာ ကိုယ်စားလှယ်များ  ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည်    ရခိုင် ပြည်နယ်   အခြေစိုက်ဖြစ်သော ရခိုင်အမျိုးသားပါတီကို အောက် တိုဘာ  ၉ ရက်မှ ၁၃ ရက်အထိ လည်းကောင်း   စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်